ဗန်းမော်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေခြင်း ဆောင်ရွက်

ဗန်းမော်   အောက်တိုဘာ   ၁၄

ဗန်းမော်ခရိုင် ဗန်းမော်မြို့နယ်တွင် ကမ္ဘာနှင့်တစ်ဝှမ်းဖြစ်ပွားလျှက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှင့် ပတ်သက်၍ ပြည်သူများကျန်းမာရေး ဗဟုသုတရရှိစေရန်အတွက် ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ပြည်သူများအား “ကိုဗစ်-၁၉ မပြန့်ပွားဖို့ မိမိကစ၍ကာကွယ်စို့ ”အသိပညာပေး သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့ နံနက် ၁၀နာရီအချိန်တွင် ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

အဆိုပါ သတင်းစကား လက်ကမ်းစာစောင်တွင် ကိုဗစ်-၁၉ ကိုမိမိကစ၍ ကာကွယ်ပါ အဓိက သတင်းစကား(၁၀)ချက်၊ ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့နိုင်ခြေနှင့် လိုက်နာရန်အချက်များ၊ ကိုရိုနာဗိုင်းရပ်စ်ရောဂါ (ကိုဗစ်-၁၉) ဆပ်ပြာနှင့် ရေကို အသုံးပြု၍ လက်ဆေးခြင်းဖြင့်ကာကွယ်ပါ၊ အနုပညာရှင်များ၏ အသိပေးစကားသံများ၊ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် Facebook စာမျက်နှာမှ ကောက်နုတ်ချက်၊ စနစ်တကျ လက်ဆေးနည်းများ စသည့်အသိပညာပေး အကြောင်းအရာများပါဝင်သည်။

ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေး ကိုဗစ်-၁၉ အသိပညာပေး လက်ကမ်းစာစောင်များကို ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စောင်ရေ ၅၀ စောင် အခမဲ့ဖြန့်ဝေခဲ့ကြောင်း  သိရသည်။

ခရိုင်(ပြန်/ဆက်)