စဉ့်ကိုင် အောက်တိုဘာ ၁၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံကပ် ပြဘုတ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန်သိရှိစေရန် ရည်ရွယ်၍ အသိပညာပေး နံရံကပ်စာစောင်များကို ပြသဆောင်ရွက်ထားကြောင်း သိရသည်။
အဆိုပါ အသိပညာပေး နံရံကပ်စာစောင်တွင် မီဒီယာနှင့် သတင်းအချက်အလက်များ သိရှိ နားလည်မှုရှိသော မိဘ၊ အုပ်ထိန်းမှု အတတ်ပညာနှင့် ကျန်းမာရေးဆိုင်ရာ နည်းလမ်းများ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အချက်အလက်နှင့် ထင်မြင်ယူဆချက်များ၊ လူမှုမီဒီယာပေါ်တွင် ဘေးကင်းလုံခြုံမှုအကြောင်း ဆွေးနွေးရာတွင် ဆောင်ရန်၊ ရှောင်ရန် အချက်များ၊ သတင်း ခွဲခြမ်းစိတ်ဖြာမှုနှင့် ထင်မြင်ယူဆချက်များစသည့် အကြောင်းအရာများပါ၀င်သော UNESCO မှပေးပို့လာသည့် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုများနှင့် ပတ်သက်၍ အသိပညာပေးရုပ်ပုံများကို ပြည်သူများလေ့လာသိရှိပြီး လိုက်နာဆောင်ရွက်နိုင်စေရေး စသည့်လေ့လာမှတ်သားဖွယ် ဗဟုသုတမျိုးစုံပါရှိသည့် အကြောင်းအရာများကို ပြသထားကြောင်း သိရသည်။
ထို့ပြင် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်သည့် အသိပညာပေး နှိုးဆော်စာများ၊ ရွေးကောက်ပွဲ ဆိုင်ရာ အသိပညာပေး စာစောင်များကိုလည်း ပြည်သူများ သိရှိလေ့လာနိုင်စေရန် အတွက် မြေစိုက်နံရံကပ်ပြဘုတ်တွင် ပြသဆောင်ရွက်ထားကြောင်း သိရသည်။
၀င်း၀င်းသန်း