ကဝ အောက်တိုဘာ ၁၄
ပဲခူးတိုင်းဒေသကြီး ၊ ပဲခူးခရိုင် ၊ ကဝမြို့နယ်အတွင်း ရွေးကောက်ပွဲကာလ၌ မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်မည့် အထူးရဲများနှင့် နည်းပြများအား Swab ယူ၍ Test Kit ဖြင့် စစ်ဆေးရာ အားလုံးတွင် ရောဂါပိုးမတွေ့ရှိကြောင်း အထူးရဲသင်တန်းနည်းပြဦးဝေဖြိုးအောင်ထံမှသိရသည်။
အဆိုပါကိုဗစ်-၁၉ရောဂါပိုးစစ်ဆေးခြင်းကို ကဝမြို့နယ်ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ပြည်သူ့ ကျန်းမားရေး ဦးစီးဌာနမှူး ဒေါက်တာ မောင်မောင်ချစ် ဦးဆောင်သော ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများသည် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်မည့်အထူးရဲ(၅၀)ဦးနှင့် သင်တန်း နည်းပြ(၂)ဦး တို့အား Swab ယူ၍ Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေး ပေးခဲ့ကြောင်းသိရသည်။
ချစ်နှင်းသုန်(ပြန်/ဆက်)