ကလောမြို့၌ နိုင်ငံဝန်ထမ်းအငြိမ်းစားများတွင် လိုအပ်လျက်ရှိသည့် Unique ID များ အိမ်တိုင်ရာရောက် ကွင်းဆင်းဆောင်ရွက်

ကလော ဩဂုတ် 

နိုင်ငံတော်၏ တာဝန်ထမ်းဆောင်ခဲ့သည့် နိုင်ငံဝန်ထမ်း(အငြိမ်းစား)များတွင် လိုအပ်လျက်ရှိသည့် UID (Unique  Indentity) စနစ်ဖြင့် Smart Card ကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကလောမြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ယနေ့နံနက် ၁၀ နာရီက ကလောမြို့၊ အမှတ်(၃) ရပ်ကွက်အတွင်းရှိ နိုင်ငံဝန်ထမ်းအငြိမ်းစားများအား အိမ်တိုင်ရာရောက် Home Stop Service ဆောင်ရွက်ပေးနေမှုကို ကလောခရိုင်ရုံးမှ ခရိုင်ဦးစီးမှူး ဦးတင်ထွန်းက ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

အလားတူ အောင်ပန်းမြို့ အမှတ်(၂) တပ်မတော်ဆေးရုံ(ခုတင်၇၀၀) ဆေးစစ်ဆေးမှုခံယူနေသည့် ပြည်သူ့စစ်မှုထမ်းများကိုလည်း ဒု-လဝကမှူး ဦးဆောင်သည့်အဖွဲ့မှ နိုင်ငံသားများစိစစ်ဆောင်ရွက်ပေးခြင်းနှင့် UID စနစ်ဖြင့် Smart Card  ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကလောမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက Biometric (UID)စနစ်ဖြင့် Smart Card က မပြုလုပ်ရသေးသော နိုင်ငံဝန်ထမ်းအငြိမ်းစားများကို ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)