ဇေယျာသီရိ ဩဂုတ် ၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက အထေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ဦးစွာ ဇေယျာသီရိမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဇေယျာသီရိမြို့နယ် အမျိုးသမီးရေးရာကော်မတီအတွင်းရေးမှူး နေပြည်တော် လူမှုဝန်ထမ်းရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သန္တာအေးက လုပ်ငန်းဆောင်ရွက်ချက်များ၊ လူမှုဝန်ထမ်းဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ အမျိုးသမီးများ ကာကွယ်စောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ ပြည်သူမှတင်ပြလာသည့် တိုင်စာများဆောင်ရွက်ခြင်းနှင့် ဆက်လက်ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် တက်ရောက်လာသည့် ကော်မတီဝင်များက သိရှိလိုသည်များ မေးမြန်းဆွေးနွေးခဲ့သည်။
ဆက်လက်၍ အစည်းအဝေးအပြီးတွင် နေပြည်တော် လူမှုဝန်ထမ်းရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သန္တာအေးက ကျား/မ ရေးရာ အလေးပေးသော လုပ်ငန်းစဉ်များမြှင့်တင်ရန် Gender ၊ CEDAW ၊ NSPAW နှင့် UNSCR 1325 အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)