တံတားဦးမြို့နယ်တွင် ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာအသိပညာပေး ဗီဒီယိုပြသ

တံတားဦး  ဩဂုတ် ၈

မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးမှူးရုံးတို့ပူးပေါင်းပြီး ဆက်သွယ်မှုလိမ်လည်မှုတိုက်ရေးဆိုင်ရာအသိပညာပေးဗီဒီယိုပြသခြင်းကို ယမန်နေ့မွန်းလွဲ(၂)နာရီက တံတားဦးမြို့ အခြေခံ ပညာအထက်တန်းကျောင်းရတနာထွန်းခန်းမ၌ ဆောင်ရွက်သည်။ 

အခမ်းအနားတွင် မြို့နယ် တာဝန်ခံပညာရေးမှူးဒေါ်သက်သက်စုက အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုမောင်က လန်ချန်း-မဲခေါင်တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်ထားရှိမှု မှတ်တမ်းဗီဒီယိုများအား ကျေးလက်နေပြည်သူများအပြင် အခြေခံပညာကျောင်းများတွင် သက်ဆိုင်ရာများနှင့်ချိတ်ဆက်ပြီး ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာအသိပညာပေးခြင်းတို့ကို  ရှင်းလင်းပြောကြားသည်။

ထို့နောက် ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအား ဆက်သွယ်ရေး လိမ်လည်မှုဆိုင်ရာ အသိပညာပေး ဗီဒီယိုများကို ပြသကာ ကျောင်းသား/ကျောင်းသူများ၏ ဆွေးနွေးမေးမြန်းမှု များအပေါ် တာဝန်ခံပညာရေးမှူးနှင့် တာဝန်ရှိသူများက  ပြန်လည်ဖြေကြားပေးခဲ့ကြောင်းသိရသည်။

ရဲတင့်( ပြန်/ဆက်)