၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးအတွင်းအကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း (VDP) ကျေးရွာ ၇ ရွာနှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းကျေးရွာ ၃ ရွာရွေးချယ်
ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးအတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာ ဖွံ့ဖြိုးရေး စီမံကိန်း(VDP) ကျေးရွာ ၇ ရွာနှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း ကျေးရွာ ၃ ရွာ ရွေးချယ်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။