ခင်ဦးမြို့နယ်တွင် မဲရုံလုံခြုံရေးတာဝန်ထမ်းဆောင်မည့် အထူးရဲ (၁၁၂) ဦးအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ Test Kit ဖြင့်စစ်ဆေး

ခင်ဦး  အောက်တိုဘာ ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မဲရုံအသီးသီး၌ လုံခြုံရေး တာဝန် ထမ်းဆောင်မည့် အထူးရဲသင်တန်းသား(၁၁၂) ဦးနှင့် အုပ်ချုပ်သူနည်းပြ (၅)ဦး တို့ကို Antigen Rapid Diagnostic Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိကို ယနေ့တွင် အထူးရဲ သင်တန်းသားအားလုံး စစ်ဆေးပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

ထိုသို့ Test Kit ဖြင့် စစ်ဆေးပေးရာတွင် မြို့နယ်သူနာပြုအဆင့်-၁ ဒေါ်ခင်ချိုမော်၊ ဓာတ်ခွဲကျွမ်းကျင်-၂ ဒေါ်ခိုင်ခိုင်စိုးဝေ၊ သားဖွားဆရာမ ဒေါ်ငုဝါလှိုင် တို့က အောက်တိုဘာလ ၁၃ ရက်နေ့က စတင်ပြီး သင်တန်းနေရာ အထကတွင် သွားရောက်စစ်ဆေးခဲ့ရာ အထူးရဲသင်တန်းသား (၁၁၂) ဦးနှင့် အုပ်ချုပ်သူနည်းပြ (၅) ဦးတို့မှာ ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိကြောင်း ဓာတ်ခွဲကျွမ်းကျင်-၂ ဒေါ်ခိုင်ခိုင်စိုးဝေ ၏ပြောကြားချက် အရသိရှိရသည်။

စိုးဝေအောင် (ခင်ဦး)