ရိခေါ်ဒါရ်မြို့၌ အဆင့်မြင့်ဈေးတည်ဆောက်မည့် မြေနေရာရရှိရေးအတွက် လယ်ယာမြေပိုင်ရှင်များနှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေး
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ အုပ်ချုပ်ရေးမှူး ဦးကျင်လမ်းခိုင်၏ ဦးဆောင်မှု၊ မြို့စည်ပင် သာယာရေးအဖွဲ့၊ မြို့စည်ပင်သာယာရေးကော်မတီဝင်များ၊ ရပ်ကွက်လယ်ယာမြေ စီမံခန့်ခွဲမှု ကော်မတီဝင်များနှင့် လယ်ယာမြေပိုင်ရှင်များပူးပေါင်းပြီး ရိခေါ်ဒါရ်မြို့၌ အဆင့်မြင့်ဈေး တည်ဆောက်ရန် မြေနေရာ ရရှိရေးအတွက် တွေ့ဆုံညှိနှိုင်း ဆွေးနွေးခြင်းကို အောက်တိုဘာ ၁၄ ရက် မွန်းလွဲ ၁ နာရီအချိန်ခန့်တွင် ရိခေါ်ဒါရ်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။