ထီးတပလူးထကျေးရွာတွင်နယ်လှည့် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့်ဓာတ်ပုံပြပွဲကွင်းဆင်း ဆောင်ရွက်
ရှမ်းရွာသစ် ဇန်နဝါရီ ၁၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့အတွင်းရှိ ကျောင်းသား/သူများကလေးအလုပ်သမား လျော့နည်းပပျောက်ရေး အသိပညာများသိရှိစေရန်၊ ကလေးသူငယ်အခွင့်အရေးများ အကြောင်းအသိပညာ ဗဟုသုတ ရရှိစေရန်နှင့် ပြင်ပဗဟုသုတများ တိုးပွားလာစေရန်ရည်ရွယ်၍ ထီးတပလူးထကျေးရွာ အ.မ.ကကျောင်းတွင် နံရံကပ်စာစောင်နှင့်ဓာတ်ပုံပြပွဲနှင့် အတူအသိပညာပေးဟောပြောပွဲကို ယမန်နေ့က ဆောင်ရွက်ခဲ့သည်။