ကလေးဝမြို့နယ်အတွင်းရှိ ကျောက်မီးသွေး လုပ်ကွက်များအား ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ကလေးဝ အောက်တိုဘာ ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်အတွင်းရှိ ကျောက်မီးသွေးလုပ်ကွက်များအား သယံဇာတနှင့် သတာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ညွှန်ကြား ချက်များအတိုင်း ဆောင်ရွက် ထားရှိမှု ရှိ/မရှိတို့ကို ကလေးခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အောက်တိုဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် ကွင်းဆင်း ကြည့်ရှုစစ်ဆေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ကလေးခရိုင်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ချို နှင့် တာဝန်ရှိသူများသည် ကလေးဝမြို့နယ် ကျောက်မီးသွေး လုပ်ကွက်များ ဖြစ်သည့် ဖြိုးဓန ကုမ္ပဏီနှင့်အခြား ဆက်စပ်ကုမ္ပဏီလုပ်ကွက်များအတွင်း လုပ်ငန်းခွင်သုံး ဖောက်ခွဲရေးယမ်းများ စနစ်တကျ သိုလှောင်ထား ရှိခြင်း ရှိ/မရှိကိုလည်းကောင်း၊ လုပ်ငန်းခွင် လုံခြုံရေး အသိ၊ သတိ ဆောင်ရွက်ခြင်းတို့ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ကုမ္ပဏီ ဝန်ထမ်း လုပ်သားများ၊ ကုန်တင်ယာဉ်မောင်းများ၊ ယာဉ်နောက် လိုက်များနှင့် မိသားစုဝင် များအား ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များအတိုင်း လိုက်နာ ဆောင်ရွက်ကြရန်တို့ကို မှာကြားခဲ့ကြ သည်။

ထန်းဖုန်(ပြန်/ဆက်)