လွိုင်လင်မြို့၌ ကြားဖြတ်သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်း စာရင်းစစ်/စာရင်းကောက် သင်တန်းဆင်းပွဲ ကျင်းပ
လွိုင်လင် ဇန်နဝါရီ ၁၂
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်း စာရင်းစစ်စာရင်းကောက် သင်တန်းပိတ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ(၁)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန လွိုင်လင်ခရိုင်ရုံး သင်တန်းခန်းမတွင် ကျင်းပကြောင်း သိရသည်။
သင်တန်းဆင်းပွဲတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဦးတင်ဦးမှ သင်တန်းဆင်းအမှာစကားပြောကြားပြီးနောက် စာရင်းစစ်/ စာရင်းကောက်ခန့်အပ်လွှာများ ပေးအပ်ခဲ့ကြောင်း သိရသည်။