မိုင်းယောင်း အောက်တိုဘာ ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ဟိုတယ် အသွားအလာ ကန့်သတ်စောင့်ကြပ် ကြည့်ရှုကာလ ၁၄ ရက်ပြည့်သူတစ်ဦးကို Swab နာမူနာ ဆေးစစ်ချက် များ အရ ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိသဖြင့် ယမန်နေ့ညနေပိုင်းက အိမ်ပြန် နေထိုင်ခွင့်ပြုခဲ့ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာနမှ သိရသည်။
မိုင်းယောင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းနှင့် ကော်မတီအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများနှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ ပါဝင်၍ အိမ်ပြန်ခွင့်ရသူအား ကျန်းမာကြောင်း ထောက်ခံစာကို ပေးအပ်ခဲ့ပြီး၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ရေး၊ လက်ကိုမကြာခဏ ဆေးကြောရေး၊ Mask နှာခေါင်းစည်းကို စနစ်တကျ တပ်ဆင်ရေးနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်အတိုင်း နေထိုင်ရေးအတွက် မှာကြားခဲ့ကာ သက်ဆိုင်ရာ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများအား အပ်နှံပေးခဲ့ကြသည်။
အိမ်ပြန်ခွင့်ရသူသည် ၎င်း၏ နေအိမ်တွင် Home Quarantine ခုနစ်ရက် ဆက်လက် နေထိုင်ရ မည်ဖြစ်သည်။ မိုင်းယောင်း မြို့နယ်တွင် အောက်တိုဘာလ ၁၄ ရက်နေ့အထိ Community Based Facility Quarantine Center အသွား အလာကန့်သတ် စောင့်ကြပ်ကြည့်ရှု ထားရှိသူပေါင်း ၈၃ ဦး ရှိကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
အားချာ(ပြန်/ဆက်)