နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုသူလူနာ ယနေ့ ၂၅ ဦးထပ်မံတွေ့ရှိ

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ကိုဗစ်-၁၉ အတည်ပြုလူနာ ယနေ့ (၂၅)ဦးထပ်မံတွေ့ရှိ ကြောင်း သိရသည်။

မြိုင်ကြီးငူအထူးဒေသ (၄၀၀) ဗို့အားလိုင်း လျှပ်စစ်မီးလင်းရေးအတွက် နည်းပညာပေးဆွေးနွေး

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်နေသော လူထုဗဟိုပြုစီမံကိန်း (တတိယနှစ် စက်ဝန်း) တွင် လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူအထူးဒေသတွင် အကောင်အထည်ဖော် ဆောင်ရွက် မည့် (၄၀၀) ဗို့အားလိုင်း လျှပ်စစ်မီးလင်းရေးအတွက် နည်းပညာပေးဆွေးနွေးပွဲကို ယမန်နေ့က မာလာမြိုင်ရပ်ကွက်ဇရပ်၌ ဆောင်ရွက်ခဲ့သည်။

ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များ လူမှုမီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ အသိပညာပေး စာစောင်များ မြေစိုက်ဘုတ်တွင် ပြသထားရှိ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ သတင်းအချက်အလက်များမှန်ကန်စွာသိရှိပြီး အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ ရုံးရှေ့ မြေစိုက် ဘုတ်တွင် နံရံကပ် စာစောင်များ ပြသဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေး နံရံကပ် စာစောင်များ လူမှုမီဒီယာနှင့်သတင်းအချက်အလက်ဆိုင်ရာအသိပညာပေး စာစောင်များ အား ယနေ့နံနက်က ပြသဆောင်ရွက်ထားကြောင်း သိရသည်။

ကျိုင်းတောင်းမြို့တွင် ကိုယ်ဝန်ဆောင်မိခင်များအား ကိုယ်ဝန်ဆောင် စောင့်ရှောက်မှုပေးခြင်းများ ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့တွင် ကိုယ်ဝန်ဆောင်မိခင်များအား ကိုယ်ဝန်ဆောင် စောင့်ရှောက်မှု ပေးခြင်းကို ကျိုင်းတောင်းမြို့ ကျေးလက်ဆေးပေးခန်း၌ ယမန်နေ့ နံနက်ပိုင်းက သားဖွားဆရာမ ဒေါ်ခိုင်သဇင်၊ ဒေါ်သန့်ဇင်အေးနှင့် ဒေါ်ချောအိစံတို့မှ ကျိုင်းတောင်းမြို့ အမှတ် (၃၊၄၊၅) ရပ်ကွက်ရှိ ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်စောင့်ရှောက်မှုများ ဆောင်ရွက် ပေးလျက်ရှိပါသည်။

ပွင့်ဖြူမြို့နယ်၌ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် (၄) ဦးအား Test Kit ဖြင့် စစ်ဆေးရာ တစ်ဦးတွင် ကိုဗစ် - ၁၉ ရောဂါပိုး တွေ့ရှိ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဦးဆောင်မှုဖြင့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် (၄)ဦးအား ကိုဗစ် - ၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးခြင်းကို ယမန်နေ့ နံနက် ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံ သံဃာကုသဆောင်တွင် Test Kit ဖြင့် စစ်ဆေးရာ တစ်ဦးတွင် ကိုဗစ် - ၁၉ ရောဂါပိုး တွေ့ရှိ (တွေ့ရှိ)ခဲ့ကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များပြသ

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရမည့် နည်းများကို ပြည်သူများ သိရှိနိုင်စေရန်အတွက် ကိုဗစ်-၁၉ ရောဂါ အသိပညာပေး နံရံကပ်စာစောင်များကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့နံရံကပ်ပြဘုတ်၌ ဆောင်ရွက်ခဲ့သည်။

မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးရွာများ၏ ရေသုံးစွဲမှုအခြေအနေများအား RWS-MIS ဖြင့် ကောက်ယူစုစည်းပြီး သန့်ရှင်းခြင်းရှိမရှိ Ecoli Test Kit များ စမ်းသပ်စစ်ဆေး

မိတ္ထီလာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျေးရွာများ၏ ရေသုံးစွဲမှု အခြေအနေများအား Rural Water Supply & Management Information System ဖြင့် ကောက်ယူစုစည်းပြီး သန့်ရှင်းခြင်းရှိမရှိ Ecoli Test Kit များ စမ်းသပ်စစ်ဆေး လျက်ရှိကြောင်း သိရသည်။

မိုင်းတုံမြို့၌ အတည်ပြုလူနာနှင့် ထိတွေ့မိသည့် ကျန်းမာရေးဝန်ထမ်းတစ်ဦး ကိုဗစ်-၁၉ ရောဂါကူးစက်ခံရ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့တွင် အသက်(၂၇)နှစ်ရှိ အတည်ပြုလူနာနှင့် ထိတွေ့မိသည့် ကျန်းမာရေးဝန်ထမ်း အမျိုးသားတစ်ဦးအား ကိုဗစ်-၁၉ရောဂါကူးစက်ခံရကြောင်း သိရသည်။

မြစ်ကြီးနားမြို့၌ နှာခေါင်းစည်း(Mask)များ တပ်ဆင်နိုင်ရေး Mask Campaign ဆောင်ရွက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ နေအိမ်ပြင်ပ ထွက်ခွာသွားလာသူတိုင်း နှာခေါင်းစည်း(Mask)များ တပ်ဆင်ရေး အရှိန်အဟုန်မြှင့်ဆောက်ရွက်ခြင်းကို ယနေ့ နံနက် (၇)နာရီတွင် ရန်ကြီးအောင် ရပ်ကွက်ဈေးအတွင်းနှင့် ဈေးအဝင်/ အထွက်ပေါက်များတွင် အဖွဲ့ခွဲ၍ Mask Campaign ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
Subscribe to