နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုသူလူနာ ယနေ့ ၂၅ ဦးထပ်မံတွေ့ရှိ

နတ်မောက် အောက်တိုဘာ ၁၅

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ကိုဗစ်-၁၉ အတည်ပြုလူနာ ယနေ့ (၂၅)ဦးထပ်မံတွေ့ရှိ ကြောင်း သိရသည်။

အဆိုပါကိုဗစ်-၁၉ အတည်ပြုလူနာများဖြစ်သည့် နတ်မောက်မြို့နယ် ဂွေးပင်ကျေးရွာမှ ကျား(၆) ဦး၊ မ(၉)ဦး၊ ရွာတော်ကျေးရွာမှ မ( ၂ )ဦး၊ ဂွေးတောက်ကုန်းကျေးရွာမှ မ(၂)ဦး၊ ရေငံကျေးရွာမှကျား(၂)ဦး၊ ကျွဲမင်းကျကျေးရွာမှ ကျား(၁)ဦး၊ န-လက္ခုပ္ပင်ကျေးရွာမှ မ(၁)ဦး၊ ဝံအူကျေးရွာမှ မ(၁)ဦး၊ ဉယာဉ်(မ) ကျေးရွာမှ ကျား(၁)ဦး၊ စုစုပေါင်း (၂၅)ဦးထပ်မံတွေ့ရှိကြောင်း နတ်မောက်မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

လှဝင်း (နတ်မောက်)