ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက်ကွင်းဆင်း၍ အသိပညာပေး လိုက်လံနှိုးဆော်

ပိုင်ကျုံ အောက်တိုဘာ ၁၅

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်နိုင်ရေးအတွက် ပြည်သူများ သိရှိစေရန် အသိပညာပေးနှိုးဆော်ခြင်းကို‌ ယနေ့နံနက်ပိုင်းက ပိုင်ကျုံမြို့ အမှတ်(၂)ရပ်ကွက်တွင် အသံချဲ့စက်ဖြင့် လိုက်လံအသိ ပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

ထို့သို့လှည့်လည်အသိပေးနှိုးဆော်ရာတွင် ပိုင်ကျုံမြို့ ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ၀န်ထမ်းများ၊မီးသတ်၀န်ထမ်းများ၊  ကျေးလက်ကျန်းမာ ရေးဌာနဆရာ/မများ၊ သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ နှင့်စာရေး၀န်ထမ်းများကကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များအရ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်သည့် အချက်များအနေဖြင့် မိမိအိမ် တွင်နေထိုင်ခြင်း၊ မဖြစ်မနေ အပြင်သို့ သွားရောက် သည့်အခါတိုင်း နှာခေါင်းစည်း Mask များ တပ်ဆင်ခြင်း၊ လူစုလူဝေးဖြစ်ပေါ် နိုင်သည့် နေရာများသို့ သွားရောက်ခြင်းမှရှောင်ကြည်ခြင်း စသည့် အဆိုပါလမ်းညွှန် ချက်များ၊ တားမြစ်ကန့်သတ်ချက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် အသိပေးနှိုးဆော် ခြင်းနှင့် ပြင်ပသို့ထွက်ခွာလာသူများတွင် နှာခေါင်းစည်းတပ် ဆင်လာခြင်း မရှိသူများအား နှာခေါင်းစည်း Mask များအခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရှိရသည်။

ပိုင်ကျုံ(ပြန်/ဆက်)