မိုင်းပန်မြို့၌ စံမညီဆေးဝါးရောင်းချမှုမရှိစေရေးအတွက် မြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင် တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေး

မိုင်းပန် အောက်တိုဘာ ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင် စံမညီဆေးဝါး ရောင်းချမှု မရှိစေရေးအတွက် မြို့နယ်လက်ထောက်ကျန်းမာရေးမှူးနှင့်အဖွဲ့မှ ယနေ့ နံနက် (၁ဝ) နာရီအချိန် က ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

မြို့နယ်လက်ထောက်ကျန်းမာရေးမှူး ဒေါ်သဥ္ဇာလင်း၊ မြို့နယ်ကျန်းမာရေးဆရာမကြီး ဒေါ်နန်းခမ်းမွမ်းနှင့် အဖွဲ့တို့မှ မိုင်းပန်မြို့နယ်အတွင်းရှိ ဆေးဆိုင် (၈)ဆိုင်သို့ သွားရောက်၍ ဗဟိုအစားအသောက်နှင့် ဆေးဝါးကြီးကြပ် ကွပ်ကဲရေးကော်မတီမှ ထုတ်ပြန်ထားသည့် စံမညီဆေးဝါးများ စာရင်းတွင်ပါဝင်သည့် ဆေးဝါးများ ရောင်းချ နေခြင်းမရှိစေရန်အတွက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းနှင့် ကွင်းဆင်းစစ်ဆေးပြီးနောက် ဆေးဆိုင်များတွင် အဆိုပါ ဆေးဝါးများ ရောင်းချနေခြင်းမရှိပါကြောင်း သိရသည်။

ဆန်းမြင့်(ပြန်/ဆက်)