COVID-19 စီးပွားရေးကုစားမှု (CERP)အစီအစဉ်ဖြင့်စိုက်ပျိုးသည့် မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

 

ရပ်စောက် အောက်တိုဘာ ၁၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် ကိုးရီးယားနိုင်ငံ KOICA ၏ ထောက်ပံ့မှုဖြင့် COVID-19 စီးပွားရေးကုစားမှု(CERP) အစီအစဉ်ဖြင့် စိုက်ပျိုးသည့် မိုးစပါး မျိုးစေ့ထုတ် စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရှိရသည်။

မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးမျိုးစေ့ထုတ် သမဝါယမအသင်း()သင်းမှ တောင်သူ (၇၈) ဦး၏ စပါးစိုက်ဧက(၂၄၇)ဧတွင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး သမဝါယမအသင်းမှ မျိုးစေ့ထုတ်သမအသင်းအတွက် စိုက်ပျိုးစရိတ်ချေးငွေ ၃ဝဝဝဝကျပ်အား  ထုတ်ချေးပေးခြင်း၊ မျိုးစေ့ထုတ်လုပ်ငန်းအောင်မြင်ရန် စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးစေ့ထုတ် အစုအဖွဲ့မှ မျိုးစေ့ထုတ် သမဝါယမအသင်း အဆင့်သို့တိုးမြှင့်ဖွဲ့စည်းပြီး နည်းပညာသင်တန်းပေးခြင်း၊ အရည်အသွေး ပြည့်မီနိုင်ရေးအတွက် CERP အစီအစဉ်အရ တောင်သူတစ်ဦးလျှင် တစ်ဧက ၁၄၈၅ဝဝကျပ်အား ထောက်ပံ့ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

ယခုစိုက်ပျိုးထားရှိသည့် မိုးစပါးစိုက်ခင်းများတွင် မျိုးကွဲပယ်ခြင်းလုပ်ငန်းကို ဒုတိယအကြိမ် ဆောင်ရွက်ထားရှိခဲ့ပြီး ရိတ်သိမ်းချိန်နီးလျှင် မျိုးစေ့အရည်အသွေးပြည့်မီနိုင်ရေးအတွက် မျိုးကွဲ ပယ်ခြင်းနှင့် မျိုးသန့်စင်သိုလှောင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ မိုးစပါး မျိုးစေ့ထုတ်စိုက်ခင်းများအတွက် တောင်သူများအား နိုင်ငံတော်မှပံ့ပိုးမှု၊ စိုက်ပျိုးရေးဦးစီးဌာန၏ နည်းပညာအကူအညီများ ရရှိမှုများကြောင့် အောင်မြင်ဖြစ်ထွန်းပြီး တောင်သူများအတွက် မျိုးစပါးမျိုးကောင်းမျိုးသန့်များကို ရရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။

ဇော်ဝင်း(ပြန်/ဆက်)