ကွမ်းလုံမြို့နယ်တွင် မဲရုံမှူးနှင့် ဒုမဲရုံမှူး သင်တန်းဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်းဆောင်ရွက်

ကွမ်းလုံ အောက်တိုဘာ ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်စေရန်အတွက် မဲရုံမှူးနှင့် ဒုမဲရုံမှူး သင်တန်းဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်းခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန်ခန့် က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြု လုပ် ခဲ့ကြောင်း သိရသည်။

အဆိုပါ မဲရုံမှူးနှင့် ဒုမဲရုံမှူး သင်တန်းကို အောက်တိုဘာ ၂၅ ရက်နေ့နှင့် ၂၆ ရက်နေ့တွင် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်းနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ လူစုလူဝေး မဖြစ်ပေါ်စေရန် အတွက် နှစ်သုတ်ခွဲ၍ ဖွင့်လှစ်သွားမည် ဖြစ်သည်။

ကွမ်းလုံမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု (၃၁)ခုတွင် မဲရုံပေါင်း(၅၈)ရုံရှိပြီး ဆန္ဒမဲပေးပိုင် ခွင့်ရှိသူ (၃၇၅၇၆)ဦး ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

မိုင်းခိုင်ဇော်(ကွမ်းလုံ)