အလုံ အောက်တိုဘာ ၁၆
ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် အ-ထ-က(၇)အလုံနှင့် အ-ထ-က(၄)အလုံ အသွားအလာ ကန့်သတ်စောင့်ကြည့် နေရာများတွင် အသုံးပြုရန်နှင့် အသွားအလာကန့်သတ်ထားသူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအတွက် ယမန်နေ့က ညနေစာထမင်းဘူးနှင့်အောက်စီဂျင်းတိုင်းစက်များ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် အလှူရှင် သံလမ်းအကြော်ဆိုင်နှင့်(၇)ရက်သားသမီး များ(အလုံ)မှ စုပေါင်း အလှူအဖြစ် ညနေစာထမင်းဘူး(၁၅၀)ဘူးနှင့် ရေသန့်ဘူးများ၊ စောရှေ့ရပ်ကွက် ဦးလူကလေးလမ်း မှ ဦးထွန်းအောင်+ဒေါ်သန်းကြွယ်အား ရည်စူး၍ သားသမီးများမှ အောက်စီဂျင်တိုင်းစက် (၅)လုံးတို့ ကို လှူဒါန်းခဲ့ရာတာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ ကြောင်း သိရသည်။.
ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် အသွားအလာကန့်သတ်စောင့်ကြည့်နေရာများကို အ−ထ-က(၇)နှင့် အ-ထ-က(၄) အလုံတို့ တွင် ဖွင့်လှစ်ဆောင်ရွက်ထားရာ အဆိုပါ အသွားအလာကန့်သတ် စောင့်ကြည့်နေရာများသို့ စေတနာရှင်အလှူရှင်များက နေ့စဉ် အလှူငွေ၊ ကာကွယ်ရေးသုံးပစ္စည်းများနှင့် စားသောက်စရာများကို နေ့စဉ်မပြတ် လာရောက်လှူဒါန်းလျက်ရှိကြောင်း သိရသည်။
တင်တင်ချို(အလုံ)