မိုင်းဖြတ် အောက်တိုဘာ ၁၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရုံးရှေ့ရှိ မြေစိုက်နံရံကပ်ပြဘုတ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများကို အများပြည်သူများ အလွယ်တကူလေ့လာဖတ်ရှုနိုင်စေရေးအတွက် ယနေ့နံနက် ၉ နာရီအချိန်ခန့် က ခင်းကျင်း ပြသခဲ့သည်။
အဆိုပါ မြေစိုက်နံရံကပ်ပြဘုတ်တွင် နိုင်ငံတော်အစိုးရ၏ တိုင်းကျိုးပြည်ပြု မှတ်တမ်းဓာတ်ပုံများ၊ မီဒီယာနှင့် သတင်းအချက်လက်များ သိရှိနားလည်မှုရှိသော မိဘအုပ်ထိန်းမှု အတတ်ပညာနှင့် ကျန်းမာရေး ဆိုင်ရာ အချက်အလက်များ၊ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အချက်အလက်နှင့် ထင်မြင်ယူဆချက်များ၊ လူမှုမီဒီယာပေါ်တွင် ဘေးကင်းလုံခြုံမှုအကြောင်း ဆွေးနွေးရာတွင် ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ သတင်းခွဲခြမ်းစိတ်ဖြာမှု စသည့်သိကောင်းစရာများနှင့် UNESCO မှ ပေးပို့လာသော ကိုဗစ်-၁၉ ကူးစက် ပြန့်ပွားမှု အသိပညာပေးရုပ်ပုံ (၁၈)ပုံကို အများပြည်သူများ လေ့လာသိရှိ လိုက်နာဆောင်ရွက်ရန် ခင်းကျင်းပြသခဲ့သည်။
သန်းထွန်းအေး(ပြန်/ဆက်)