ခန္တီး အောက်တိုဘာ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်စည်ပင်သာယာရေး ကော်မတီက မြို့တွင်းအမှိုက်များစွန့်ပစ်ရန် သတ်မှတ်ထားသည့် အမှိူက်ကျင်းအား အနံ့ အသက်ကင်း၍ ယင်ကောင်များမရှိစေရေးအတွက် အမှိူက်ကျင်းရှင်းလင်းခြင်း၊ ဆေးရုံဆေးခန်းသုံး အမှိုက်များနှင့် Community Based Facility Quarantine မှ ထွက်ရှိသော အမှိူက်များအား မီးရှို့ဖျက်စီးနိုင်ရေးအတွက် မြေကျင်း တူးခြင်းနှင့် အမှိူက်ကွင်းလမ်းဖောက်ခြင်းတို့ကို အောက်တိုဘာလ ၁၄ ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ပြီးစီးသွား မည်ဖြစ်ကြောင်း ခန္တီးမြို့နယ်စည်ပင်သာယာရေးကော်မတီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ လုပ်ငန်းများကို စည်ပင်ဘတ်ဂျက်ဖြင့် ဆောင်ရွက်ခြင်း မဟုတ်ဘဲ စည်ပင်သာယာရေးအဖွဲ့မှ ပရီမီယံဒီဇယ်ဆီ (၃) ပေပါ အကုန်ကျခံကာ ဦးမြင့်ဖေနှင့်အဖွဲ့က စက်ယန္တရားဖြင့် အခမဲ့ကူညီပေးခြင်း ဖြစ်ကြောင်း သိရသည်။
အမ်းအင်းလမ်း