မန့်ဟီးရိုးမြို့အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် နှာခေါင်းစည်းများဖြန့်ဝေ

  မန့်ဟီးရိုး အောက်တိုဘာ ၁၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ အမှတ်(၁)ရပ်ကွက်အတွင်း ရှမ်းဘာသာဖြင့် ရေးသား ထား သော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေး ဗီနိုင်းဆိုင်းဘုတ်များကပ်ထားခြင်းနှင့်  နှာခေါင်းစည်း (Mask)များ အခမဲ့ဝေငှခြင်းတို့ကို ယနေ့နံနက်(၁၁)နာရီ အချိန်က ဆောင်ရွက် သည်။                                                     

မန့်ဟီးရိုးမြို့၊ ပြည်သူလူထုများ လေ့လာကြည့်ရှုရန်လွယ်ကူမည့် အမှတ်(၁)နှင့်(၂) ရပ်ကွက်အတွင်းရှိ နေရာများ တွင် ရှမ်းဘာသာ၊ မြန်မာဘာသာဖြင့်ထုတ်ဝေထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေး ဗီနိုင်း ဆိုင်းဘုတ်များ ချိတ်ဆွဲခြင်း၊ ဒေသခံပြည်သူများအား နှာခေါင်းစည်း (Mask)များကို (အခမဲ့) ဝေငှပေးခဲ့ ကြောင်းနှင့် အပြင်ဘက်သို့ သွားလာပါက နှာခေါင်းစည်းများကို မဖြစ်မနေတပ်ဆင်အသုံးပြုနိုင်ရေးစသည့် အသိပညာပေးဆွေးနွေးခဲ့ပြီး နောင်ဟင်စက်လှေဆိပ်တွင်လည်း      စက်လှေစီးသည့်ခရီးသွား ပြည်သူများအား နှာခေါင်းစည်း (Mask) များကို အခမဲ့ ဝေငှပေးသည်။

အဆိုပါလုပ်ငန်းများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မူဆယ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် မန့်ဟီးရိုးမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ မြို့ဦးစီးမှူး ဒေါ်စန္ဒာဝင်းနှင့် ရုံးဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

စန္ဒာ(ပြန်/ဆက်)