မုံးကိုး အောက်တိုဘာ ၁၆
မူဆယ်ခရိုင်၊ မုံးကိုးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးနှင့် ပတ်သက်၍ ပြည်သူလူများ အသိပညာဗဟုသုတ တိုးပွားလာစေရန် ရည်ရွယ်ပြီး ယနေ့၊ နံနက် (၉) နာရီ အချိန်ခန့်က မြို့ရုံးရှေ့၌ ကိုဗစ်-၁၉ ရောဂါ ဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်ပြသခြင်းကို ဆောင်ရွက်သည်။
အဆိုပါ နံရံကပ်ပြဘုတ်၌ မီဒီယာနှင့်သတင်းအချက်အလက် သိနားလည်မှုရှိသော မိဘ/အုပ်ထိန်းမှု အတတ်ပညာ နှင့် လုပ်ကြံသတင်းများ၊ လူမှုမီဒီယာပေါ်တွင် ဘေးကင်းလုံခြုံမှုအကြောင်း ဆွေးနွေးရာ ဆောင်ရန် /ရှောင်ရန်များ၊ မီဒီယာနှင့် သတင်းအချက်အလက ဆိုင်ရာ သိနားလည်မှုရှိသော မိဘအုပ်ထိန်းမှု အတတ်ပညာနှင့် ကျန်းမာရေး၊ ကလေးသူငယ်နှင့် လူမှုမီဒီယာအသုံးပြုမှု သဘောတူညီချက် ပြုလုပ်ပါ စသည့် အကြောင်းအရာများနှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများကို ပြသလျက်ရှိရာ ပြည်သူများ လာရောက်ကြည့်ရှုကြောင်း သိရသည်။
သန်းဇော်ဦး(ပြန်ဆက်)