ယင်းမာပင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံသို့ အလှူငွေနှင့် ပစ္စည်းများ လှူဒါန်း

ယင်းမာပင် အောက်တိုဘာ ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန တွင် ယနေ့နံနက်ပိုင်းက  ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံသို့ စေတနာရှင်၊ အလှူရှင်မှ  အလှူငွေနှင့်ပစ္စည်းများ လာရောက် လှူဒါန်းခဲ့ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။

အဆိုပါ ထောက်ပံ့လှူဒါန်းရာတွင် မြန်မာရန်စီ မိသားစုမှ ကိုဗစ်-၁၉ ပိုးတွေ့လူနာ (၁၇) ဦး အတွက် ရေသန့်ကဒ် (၁၁၁)ကဒ်နှင့် အာဟာရအလှူငွေ (၁၃ဝဝဝဝိ) ကျပ်တစ်သိန်းသုံးသောင်း တိတိကို ပေးအပ်လှူဒါန်းခဲ့ရာ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီ တွဲဖက်အတွင်းရေးမှူး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးငြိမ်းထက်မှ လက်ခံရယူပြီး အလှူရှင်အား ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်ခဲ့ကြောင်းသိရသည်။

စိုးမိုး(ပြန်/ဆက်)