ကွမ်းခြံကုန်း အောက်တိုဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ မြို့နယ် အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန် စေတနာရှင်ပြည်သူများက အလှူငွေများ လာရောက် လှူဒါန်း လျက်ရှိကြောင်း သိရသည်။
အဆိုပါ လှူဒါန်းမှုများမှာ တော်ကူးအနောက်စံပြကျေးရွာနေ ဦးဇော်ဝင်းထွဋ်နှင့် ဒေါ်နွဲ့နန္ဒာအောင် သမီး မရူပါဝင်းထွဋ် မိသားစုတို့မှ မြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အလှူငွေ(၃၀၀၀၀)ကျပ်၊ ကွမ်းခြံကုန်းမြို့နယ် အထက(၁)ကျောင်းသားဟောင်းများ (၁၉၈၈)မှ အလှူငွေ (၁၀၀၀၀၀)ကျပ်၊ တော်ခရမ်းအရှေ့ ကျန်းမာရေးဌာန(ခွဲ)မှ ဘက်စုံ သားဖွားဆရာမ ဒေါ်အိအိသွယ်နှင့် ကျန်းမာရေးကြီးကြပ်(၂) ဒေါ်မို့မို့ငြိမ်းချမ်းတို့မှ အလှူငွေ(၃၅၀၀၀)ကျပ်၊ အဓာတ်ကျေးရွာနေ ဦးစိန်မျိုးမင်းနှင့် ဇနီးဒေါ်ခိုင်မွန်ဟန်နှင့် သမီးချမ်းမြေ့အိမ်စည် မိသားစုမှ အလှူငွေ (၃၀၀၀၀)ကျပ်တို့ကို လာရောက်လှူဒါန်းခဲ့ရာ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမြတ်သူမှ လက်ခံရယူကာ ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီး ပေးအပ်ခဲ့ကြောင်း သိရသည်။
ထွန်းထွန်းစိုး(ကွမ်းခြံကုန်း)