၂၀၂၀ ရွေးကောက်ပွဲတွင် မဲရုံလုံခြုံရေးဆောင်ရွက်ကြမည့် အထူးရဲသင်တန်းသားများအား ကျန်းမာရေး စစ်ဆေးခြင်းများ ဆောင်ရွက်

မကွေးခရိုင် ၊မြို့သစ်မြို့နယ်၌ ၂၀၂၀ ရွေးကောက်ပွဲတွင် မဲရုံလုံခြုံရေးဆောင်ရွက်ကြမည့်အထူး ရဲသင်တန်းတက်ရောက်နေကြသည့် မြို့သစ်မြို့အထက(၂)မှ သင်တန်းသား (၉၆)ဦး၊ သင်တန်းနည်း ပြ(၃)ဦး ၊ ဝါးကြီးအိုင်နယ်မြေရဲစခန်းမှ သင်တန်းသား(၃၅)ဦး ၊ သင်တန်းနည်းပြ(၃)ဦး၊ ဒန့်ဒလွန်ပင် နယ်မြေရဲစခန်းမှ သင်တန်းသား(၃၈)ဦး ၊ သင်တန်းနည်းပြ(၃)ဦး စုစုပေါင်း အထူးရဲသင် တန်းသား (၁၆၉)ဦးနှင့် သင်တန်းနည်းပြ(၉)ဦးတို့ကို ယနေ့နံနက် ၉ နာရီက ကိုဗစ်-၁၉ကူးစက်ရောဂါပိုး ရှိ/မရှိ စစ်ဆေးမှုများ ပြုလုပ်ပေးခဲ့သည်။

သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးနှင့် ကျန်းမာရေးအသိပညာပေးခြင်း အရှိန်အဟုန်မြှင့် ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး၊ ကျန်းမာရေးအသိပညာပေးခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈ နာရီအချိန် က ပေါ့မိုင်းရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့နယ်တွင် စတုတ္ထအကြိမ် ကိုဗစ်-၁၉ အတည်ပြုလူနာ ၈ ဦးဆေးရုံဆင်းခွင့်ရ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေသော ကိုဗစ်-၁၉ လူနာ ၈ ဦးသည် ကျန်းမာရေး ကောင်းမွန်သွားသည့်အတွက် ယနေ့နံနက်ပိုင်းက ဆေးရုံ ဆင်းခွင့်ပြုခဲ့ကြောင်း ညောင်ဦးခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာအောင်အောင်ထံက သိရသည်။

ကွမ်းလုံမြို့နယ်တွင် ကိုဗစ်-၁၉ ကာလအတွင်း CERP စီးပွားရေးကုစားမှုအစီအစဉ်အရ သက်ကြီးရွယ်အိုများအား ထောက်ပံ့ငွေများပေးအပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုဗစ်-၁၉ ကာလအတွင်း စီးပွားရေးကုစားမှုအစီအစဉ် (CERP)အရ အသက်(၈၀)နှစ် တင်းတင်းပြည့်ပြီး အသက်(၈၅)နှစ် တင်းတင်းမပြည့်သေးသည့် သက်ကြီးရွယ်အိုများအား ယနေ့နံနက်ပိုင်း က ရပ်ကွက်/ကျေးရွာများသို့ အိမ်တိုင်ရာရောက် ကွင်းဆင်း၍ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

မြောက်ဥက္ကလာပမြို့နယ် ကျန်းမာရေးဦးစီးဌာနသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းသုံးပစ္စည်းများ လာရောက်လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ကျန်းမာရေးဦးစီးဌာနသို့ အလှူရှင်များက ကိုဗစ်-၁၉ ရေဂါကာကွယ်ရေးလုပ်ငန်းသုံးပစ္စည်း များကို ယနေ့ နေ့လယ် ၁ နာရီက လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

ငွေဆောင်မြို့မဈေးအတွင်းရှိ စျေးရောင်း/ဈေးဝယ်သူများတွင် Mask တပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေး

ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ငွေဆောင်မြို့၊ မြို့မဈေး အတွင်းရှိ စျေးရောင်း/ဝယ်သူများတွင် Mask များတပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့နံနက် ၇ နာရီချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ချင်းရွှေဟော်မြို့၌ အများပြည်သူများစိတ်အေးချမ်းသာစွာ နေထိုင်နိုင်ရန်အတွက် လှည့်ကင်းများ ဆောင်ရွက်

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့အတွင်း နေထိုင်သည့် အများပြည်သူများ စိတ်အေးချမ်းသာစွာနေထိုင်နိုင်ရန်အတွက် ချင်းရွှေဟော်မြို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စခန်းမှူး ရဲအုပ်သိန်းဗိုလ် ဦးစီး၍ နယ်ထိန်းခေါင်းဆောင် ရဲအုပ်လှိုင်ဝင်းနှင့် အဖွဲ့၊ ရပ်/ကျေး အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ယမန်နေ့ည (၈)နာရီအချိန် က စ၍ ညလှည့်ကင်းများ လှည့်လှည်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပုသိမ်မြို့တွင် ကိုဗစ် -၁၉ ကာလ ဝင်ငွေနည်း ပြည်သူများကို စားသောက်ကုန်များ ထောက်ပံ့ လှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ပုသိမ်လူမှုညီအကိုများအဖွဲ့က ယမန်နေ့ နေ့လယ်က စပြီး အမှတ် ၆ ရပ်ကွက်နယ်မြေ၊ အမှတ် ၂ ရပ်ကွက်နယ်မြေ ထုံးဘိုရပ်ကွက်နေ ဝင်ငွေနည်း အိမ်ထောင်စုများကို အခြေခံစားသောက်ကုန်နင့် Mask များထောက်ပံလှူဒါန်းခဲ့ကြောင်းသိရသည်။ ပုသိမ်မြို့မှာ ကိုဗစ် -၁၉ ကာလ Stay at Home အကျုံးဝင်နေတဲ့အတွက် ဝင်ငွေနည်း ပြည်သူများ၏ စားဝတ်နေရေး တစ်ဘက်တစ်လမ်းမှ အဆင်ပြေစေရေးရည်ရွယ်၍ စေတနာရှင်များ၏ စုပေါင်း လှူဒါန်းမှုစုစုအား ပုသိမ်လူမှုညီအကိုများအဖွဲ့ဝင် အသင်းသားများ စုပေါင်း၍ လှူဒါန်းရခြင်း ဖြစ်ကြောင်းသိရသည်။

ရေဇွာမြို့၊ ပညာရေးဌာန၊ ဝန်ထမ်းအိမ်ရာတည်ဆောက်မှု (၇၅)ရာခိုင်နှုန်းပြီးစီး

ချင်းပြည်နယ်၊ မတူပီခရိုင်၊ ရေဇွာမြို့တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ပညာရေးဝန်ကြီးဌာန၏ ပြည်ထောင်စု ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် (၃၆၄.၂၆၀)သန်းဖြင့် (ဇိုလင်းဘုန်းကုမ္ပဏီ)က တာဝန်ယူဆောင်ရွက် လျက်ရှိသော ရေဇွာမြို့ ပညာရေး ဝန်ထမ်းအိမ်ရာ RCC နှစ်ထပ်ဆောင် တည်ဆောက်မှုမှာ (၇၅)ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

တန့်ယန်းမြို့နယ်တွင် မဲရုံမှူး၊ ဒု-မဲရုံမှူးနှင့် အဖွဲ့ဝင်များ သင်တန်းဖွင့်လှစ်နိုင်ရေးညှိနှိုင်းအစည်းဝေး ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၀ - ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့၌ ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲရုံမှူး၊ ဒု-မဲရုံမှူးနှင့် အဖွဲ့ဝင်များအား သင်တန်းဖွင့်လှစ်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီ က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Subscribe to