ငဖဲ၊ အောက်တိုဘာ ၁၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် မြို့အဝင်လမ်းဘေးဝဲယာတစ်လျှောက် သန့်ရှင်း သာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းကို ယနေ့နံနက် ၇ နာရီခွဲအချိန်က မြို့အဝင် ပဒါန်း-ငဖဲ-စေတုတ္တရာကားလမ်းဘေးတွင် ဆောင်ရွက်ခဲ့သည်။
အဆိုပါစုပေါင်းသန့်ရှင်းရေးလုပ်ငန်းကို ငဖဲမြို့နယ်အထွေထွေအုပ်ချူပ်ရေးဦးစီးဌာန မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်းဦးဆောင်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဝင်းအောင် ဦးဆောင်သောတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးနိုင်လင်းဦး ဦးဆောင်သောတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ဌာနဆိုင်ရာများမှ အကြီးအကဲများနှင့် ဝန်ထမ်းများက မြို့အဝင်လမ်း ဘေးဝဲယာတစ်လျှောက် ခြုံနွယ်ပေါင်းမြက်များကို စုပေါင်းရှင်းလင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မယု(ငဖဲ)