ဟင်္သာတမြို့နယ် ပညာရေးမိသားစုမှ ကိုဗစ်- ၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အလှူငွေများ ပေးအပ်လှူဒါန်း

ဟင်္သာတ၊ အောက်တိုဘာ ၁၇

ဟင်္သာတမြို့နယ် အခြေခံပညာရေးမိသားစုမှ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနနှင့် Quarantine Centre များတွင် အသုံးပြုနိုင်ရန်အလှူငွေများ ယနေ့နံနက် ၉ နာရီက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ လိုက်လံ လှူဒါန်းခဲ့သည်။

လှူဒါန်းရာတွင် မြို့နယ်ပညာရေးမှူး တွဲဖက်တာဝန်ခံဆရာကြီး ဦးမောင်မောင်အေး၊ ဒုမြို့နယ်ပညာရေးမှူး ဦးအောင်ကျော်စိုးနှင့် ပညာရေးလုပ်သားများသမဂ္ဂ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဟင်္သာတမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနရှိ ကာကွယ်ရေးနှင့် ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် အလှူငွေကျပ် (၁၀)သိန်းနှင့် Quarantine Centre (၄)ခုအတွက် အလှူငွေ ကျပ်(၉)သိန်း စုစုပေါင်းအလှူငွေကျပ် (၁၉)သိန်းကို တာဝန်ရှိသူများ လက်ဝယ်အရောက် သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

ကိုဇော်(ဟင်္သာတ)