ကျောက်ပန်းတောင်း၊ အောက်တိုဘာ၁၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့တွင် အထူးရဲသင်တန်းတက်ရောက်နေသည့် သင်တန်းသားများနှင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ယနေ့နံနက် (၈)နာရီခွဲက မီးသတ်လမ်းဆုံမီးပွိုင့်နှင့် ဘူတာလမ်းဆုံ မီးပွိုင့်တို့တွင် Mask Campaign ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်ရေးတွင် အလွယ်တကူနှင့်အထိရောက်ဆုံးဖြစ်သော နှာခေါင်းစည်း(Mask) တပ်ဆင်ရေး အတွက် ပညာပေးခြင်းနှင့် အခမဲ့ဖြန့်ဝေခြင်းများကို ကျောက်ပန်းတောင်းမြို့ မြို့မရဲစခန်းမှူး ဒုတိယရဲမှူး ခင်မောင်ထွေး ဦးဆောင်၍ ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကြီးတွင် မဲရုံလုံခြုံရေးတာဝန်ထမ်းဆောင်ကြမည့် အထူးရဲသင်တန်းမှ တပ်ခွဲ (၁) နှင့်တပ်ခွဲ(၂)ပေါင်း စည်သူတပ်ခွဲမှ အထူးရဲသင်တန်းသား (၄၀) ဦး၊ မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် (၁၀) ဦးနှင့် မြို့နယ် အရန်မီးသတ်တပ်ဖွဲ့ဝင် (၁၅) ဦး စုစုပေါင်းအင်အား (၆၅)ဦး တို့သည် အထူးရဲသင်တန်းသားများ၏ စုပေါင်းလှူဒါန်းငွေဖြင့် ဝယ်ယူရရှိသည့် Mask (၅၀)ခုပါ ဗူး(၁၅၀)၊ စုစုပေါင်း Mask အခုရေ(၇၅၀၀)ကို မီးသတ်လမ်းဆုံ မီးပွိုင့် နှင့်ဘူတာ လမ်းဆုံ မီးပွိုင့်တို့တွင် ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)