စေတုတ္တရာ၊ အောက်တိုဘာ ၁၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်ပညာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံသို့ ယမန်နေ့ နေ့လယ်ပိုင်းက စုပေါင်းအလှူငွေများအား ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ စုပေါင်းအလှူငွေများ ပေးအပ်လှူဒါန်းရာတွင် စေတုတ္တရာမြို့နယ်အတွင်းရှိ ပညာရေးဝန်ထမ်းများ စုပေါင်း၍ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးနှင့်ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရေးအတွက် စုပေါင်းအလှူငွေကျပ် ၁၀သိန်း၂သောင်း၆ထောင်အား မြို့နယ်ပညာရေးဝန်ထမ်းများကိုယ်စား မြို့နယ် ပညာရေးမှူး ဦးဌေးဝင်းက မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံသို့ ပေးအပ်လှူဒါန်းခဲ့ရာ မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်မင်းနိုင်က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
စေတုတ္တရာမြို့နယ် ပညာရေးဝန်ထမ်းများအနေဖြင့် မြို့နယ်ပြည်သူ့ဆေးရုံတွင်လည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရေးအတွက် ပထမအကြိမ်အနေဖြင့် စုစုပေါင်းလှူဒါန်းငွေကျပ်(၁၀)သိန်းကျော်ကိုလည်း ပေးအပ်လှူဒါန်းခဲ့ကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။
စည်သူလွင်(ပြန်/ဆက်)