ပူတာအို၌ ရဲမှုထမ်းဟောင်းများအား ရိက္ခာလေးမျိုး တတိယအကြိမ်ထောက်ပံ့ပေးအပ်

ပူတာအို အောက်တိုဘာ ၁၆

ကချင်ပြည်နယ်၊ပူတာအိုနှင့်မချမ်းဘော့မြို့နယ်များရှိ ရဲမှုထမ်းဟောင်းများအား ကိုဗစ်-၁၉ကာလ အတွင်း မိသားစုစား ၀တ် နေရေးအခက်အခဲများကို တစ်ဖက်တစ်လှမ်းမှ အထောက်အပံ့ဖြစ် စေရန်အတွက် ပူတာအိုတပ်နယ်မှ ရိက္ခာအမယ်လေးမျိုး တတိယအကြိမ် ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၁)နာရီက ပူတာအိုတပ်နယ် ဗန္ဓုလခန်းမ၌ ကျင်းပသည်။

ရိက္ခာအမယ်လေးမျိုးထောက်ပံ့ပေးအပ်ပွဲတွင် ပူတာအိုအခြေချစစ်ဗျူဟာမှူး၊ ခရိုင်အုပ်ချုပ်ရေးမှူး ၊ခရိုင်ရဲတပ်ဖွဲ့မှူးတို့က အခမ်းအနားတက်ရောက်လာသည့် ရဲမှုထမ်း ဟောင်းများအား ရင်းရင်းနှီးနှီး တွေ့ဆုံကာ အားပေးစကားပြောကြားပြီး ပူတာအိုနှင့်မချမ်းဘော့မြို့နယ်များရှိ ရဲမှုထမ်းဟောင်း (၂၈)ဦ းအား အောက်တိုဘာ (၁၅) ရက်မှ (၂၈) ရက်အထိ (၁၄) ရက်အတွက် တစ်ဦးလျှင်ဆန် (၃) ပြည်နို့ဆီဘူး (၇) ဘူး၊ ဟင်းချက်ဆီ(၂၈) ကျပ်သား၊ ကုလားပဲခြမ်း(၄၂)ကျပ်သား၊ ဆား(၂၅)ကျပ်သား တို့ကို ရဲမှုထမ်းဟောင်းများလက်၀ယ်အရောက် တစ်ဦးချင်း ထောက်ပံ့ပေးအပ်သည်။

အဆိုပါ ရိက္ခာအမယ်လေးမျိုးထောက်ပံ့ပေးအပ်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြား ချက်များနှင့် အညီ ထောက်ပံ့ ပေးအပ်ခဲ့ခြင်းဖြစ်ပြီး အခမ်းအနားအပြီးတွင် ရဲမှုထမ်း ဟောင်းများအား (၂၅) ကုတင်ဆံ့ တပ်မတော် ဆေးရုံမှ ဆေးမှူးနှင့် တာ၀န်ရှိ သူများက စာရင်းရေးသွင်းမည့်နေရာ၊ ဆေးဝါးကုသမှုပါရဂူနှစ်နေရာနှင့် ဆေးထိုး ဆေးယူရန်နေရာများ စနစ်တကျ သတ်မှတ်ကာ စနစ်တကျကျန်းမာရေးစစ်ဆေးပေးခြင်း၊ ဆေးဝါးများ ထုတ်ပေးခြင်းနှင့် ဆေးဝါးကုသရန်နှင့်ဓါတ် မှန်ရိုက်ရန်လိုအပ်သော ရဲမှုထမ်း ဟောင်း များအား (၂၅)ကုတင်ဆံ့ တပ်မတော်ဆေးရုံတွင် ဆေးဝါးကုသပေးခြင်းနှင့် ဓါတ်မှန်ရိုက် ပေးခြင်းများ ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်းသိရသည်။

ဖုန်ကန်(ပူတာအို)