မိုးနဲ အောက်တိုဘာ ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်တွင် တောင်သူပညာပေး စံပြစိုက်ခင်းအဖြစ် စိုက်ပျိုးထားသော ရေဆင်း-၁၅ ပဲပုတ် စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မှ သိရသည်။
အဆိုပါ စိုက်ခင်းများအောင်မြင်ဖြစ်ထွန်းနေမှုကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှု ဦးဇော်မော်ဦးနှင့် ဝန်ထမ်းများက ယနေ့ နံနက်ပိုင်းတွင် လွိုင်ချိုကျေးရွာအုပ်စု၊ ဟွေဟေးကျေးရွာရှိတောင်သူ ဒေါ်သိန်းသိန်းစော စိုက်ပျိုးထားသော ရေဆင်း-၁၅ ပဲပုတ်လေးဧက စိုက်ခင်းနှင့်ကွန်နားကျေးရွာအုပ်စု၊ ကုန်းကျောင်းကျေးရွာရှိ တောင်သူလုံးဖုန်းစိုက်ပျိုးထားသော ရေစင်း-၁၅ ပဲပုတ်စိုက်ခင်း တစ်ဧက နေရာများအတွင်း ပေါင်းမြက်ကင်းရှင်းရေး၊ ရွက်ဖျန်းမြေသြဇာ ယူရီးယား၊ လက်ချားဖျန်းပေးခြင်းဖြင့် တစ်ဧကအထွတ်နှုန်း တိုးတက်စေရေးနှင့် ပိုးမွှားရောဂါကျရောက်မှုမရှိစေရေးပညာပေးဆွေးနွေးခဲ့ပြီး အောင်မြင်ဖြစ်ထွန်းနေသော ပဲပုတ်စိုက်ခင်းများအား ကွင်းဆင်းကြည့်ရှု စစ်ဆေး ခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ (မိုးနဲ)