သာယာဝတီမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲပေးပိုင်ခွင့် မဲဆန္ဒရှင်(၁၂၂၁၇၉)ဦးရှိ

သာယာဝတီ အောက်တိုဘာ ၁၉

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သာယာဝတီမြို့နယ်တွင် ရပ်ကွက်(၂၁)ရပ်ကွက်၊ ကျေးရွာ(၄၈)ရွာ၊ စုစုပေါင်းရပ်ကွက်ကျေးရွာအုပ်စု (၆၉)အုပ်ရှိပြီး မဲရုံ(၁၀၇)ရုံရှိရာ ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီပေါင်း(၈)ခုနှင့် တစ်သီးပုဂ္ဂလအပါအဝင် (၉)ခုရှိပြီး ​အမျိုးသားလွှတ်တော်မဲဆန္ဒနယ်(၁၂)မှ လွှတ်တော်ကိုယ်စားလှယ်လောင်း (၅)ဦး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း(၇)ဦး၊ မဲဆန္ဒနယ်(၂)ခုမှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း (၁၅)ဦး၊ ကရင်တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်လောင်း (၈)ဦးရှိကြောင်း သိရပြီး မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင် (၁၂၂၁၇၉)ဦး ရှိကြောင်း သိရသည်။

မဲဆန္ဒရှင် ပြည်သူများက မဲရုံသို့ လာရောက်မဲပေးသည့်အခါ  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ သက်ဆိုင်ရာ တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

သန့်ဇော်(ပြန်/ဆက်)