တောင်ဥက္ကလာပမြို့နယ်၌ ယောဂီဆောင် အသွားအလာကန့်သတ်စောင့်ကြည့်နေရာတွင် စောင့်ကြည့် လူနာများ  ထပ်မံထားရှိရန် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်

ရန်ကုန်    အောက်တိုဘာလ    ၁၉


ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ ဥက္ကလာပ စေတီတော်ဝင်းအတွင်းရှိ ယောဂီဆောင် အသွားအလာကန့်သတ်စောင့်ကြည့်နေရာအား စောင့်ကြည့် လူနာများ ထပ်မံ ထားရှိရန်အတွက် ယမန်နေ့ နံနက်ပိုင်းအချိန်က သန့်ရှင်းရေးနှင့် ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် ယောဂီဆောင် Quarantine Centerတွင် တတိယ အကြိမ် စောင့်ကြည့်လူနာများ ထပ်မံထားရှိနိုင်ရေးအတွက် ဆေးဖြန်းခြင်း၊ ခန်းစီးလိုက်ကာများ အသစ်လဲလှယ်ခြင်း၊ သန့်ရှင်းရေးများဆောင်ရွက်ခြင်း၊ ကုတင်များ အသစ်လဲလှယ်ခြင်း လုပ်ငန်း များကို ဆောင်ရွက်ခဲ့ပြီး ညနေပိုင်းအချိန်မှစတင်၍ စောင့်ကြည်လူနာများ ထားရှိသွားမည် ဖြစ်သည်။
ထိုသို့သန့်ရှင်းရေးဆောင်ရွက်မှုအား မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ နာယက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစောနိုင်၊ အမှတ်(၁၄) ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ Volunteerများနှင့် ပရဟိတအသင်း အဖွဲ့များ ပူးပေါင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ခင်ဆွေနှင်း (ပြန်/ဆက်)