မြောက်ဥက္ကလာပ အောက်တိုဘာ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်ကံမြို့သစ် အ.ထ.က(ခွဲ) လ(၁၀)ကျောင်းတွင် ဖွင့်လှစ်ထားသည့် Quarantine Centre သို့ ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အလှူရှင်များမှ အလှူငွေများ၊ ရေသန့်ဘူးများ၊ ထမင်းဘူးများကို ယမန်နေ့ နံနက် ၁၀ နာရီက လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် ဒေါ်ဂျနုန်က အလှူငွေကျပ်(၁)သိန်း၊ ကိုမြတ်သူ၊ မဝင့်ရည်လွန်း မိသားစုက အလှူငွေကျပ် (၅)သောင်း၊ ဗိုလ်ကြီးလှထွန်း(ငြိမ်း)က အလှူငွေကျပ်(၁)သိန်း၊ ဦးထွန်းဆွေ မိသားစုက အလှူငွေကျပ်(၂)သောင်း၊ ကိုအာကာဖြိုးက အလှူငွေကျပ် (၁)သောင်း၊ ကိုအုန်းကျော်က အလှူငွေကျပ်(၅)သောင်း၊ ဒေါ်နှင်းနှင်းဝေ မိသားစုမှ မုန့်မျိုးစုံ (၃၂၀)ခု၊ ဦးအေးနိုင်မိသားစုမှ ငှက်ပျောသီး (၃၀)ဖီး၊ သစ်သီးမျိုးစုံ (၁၅၀)လုံး၊ ဒေါ်ယုယုလှိုင်(ရွှေပေါက်ကံစက်မှုဇုံ)မှ မုန့် (၁၀၀)ခု၊ ကိုသူရအောင်နှင့် ကိုမင်းသိန်း (ရွှေပေါက်ကံလျှပ်စစ်)မှ 95 Mask (၂၀)ဘူးနှင့် မနှင်းနှင်းအေးက နေ့လယ်စာ ထမင်းဘူး (၁၆၀)ဘူးနှင့် အမေ၏သားသမီးများအဖွဲ့မှ ညနေစာ ထမင်ဘူး (၁၆၀)ဘူးကို လှူဒါန်းရာ ရွှေပေါက်ကံရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ ရုံးအဖွဲမှူး ဦးနိုင်ဝင်းနှင့် အဖွဲ့များက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
ရွှေပေါက်ကံမြို့သစ်ရပ်ကွက်တွင် Quarantine Center (၂)ခုရှိပြီး Quarantine ဝင်ရောက်နေသူများနှင့် Volunteerများအတွက် လိုအပ်ချက်များကို လှူဒါန်းလိုပါက ဆက်သွယ်ရန် ဖုန်း- ၀၉/၄၂၀၁၆၃၇၃၃သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
မြမြဝင်း (ပြန်/ဆက်)