ဇီးကုန်း အောက်တိုဘာ ၁၉
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပဲခူးတိုင်း ဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများနှင့် တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းဆွေးနွေးခြင်းကို ယနေ့ နံနက် ၁၀ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကျော်မိုးဦးက ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင် စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲကျင်းပသည့်နေ့ တွင် ရပ်/ကျေးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲရုံအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ရ မည့်လုပ်ငန်းစဉ်များ၊ ကြိုတင်ဆန္ဒမဲရယူရာတွင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ Quarantine Center များသို့ သွားရောက်၍ ကြိုတင်ဆန္ဒမဲရယူရာတွင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ချပြဆွေးနွေးခဲ့ရာ တက်ရောက်လာသော ရပ်/ကျေးရွေးကောက်ပွဲ ကော်မရှင်အဖွဲ့များမှ ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ ကြသည်။ ထို့အပြင် ရွေးကောက် ပွဲတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့် လမ်းညွှန်ချက် စည်းကမ်းချက်များ နှင့်အညီ တိကျ စွာ လိုက်နာဆောင်ရွက်ရန်တို့ကို ညွှန်ကြားခဲ့ကြောင်း သိရသည်။
ဇီးကုန်းမြို့နယ်တွင် ယနေ့အချိန်အထိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၅၆၁၀၃) ဦးရှိ၍ မဲဆန္ဒနယ်ပြင်ပ(ပြည်ပ) မဲဆန္ဒရှင်(၈၃)ဦး၊ မဲဆန္ဒနယ်ပြင်ပ(ပြည်တွင်း) မဲဆန္ဒရှင်(၁၂)ဦး စုစုပေါင်း(၉၅)ဦးရှိကြောင်းနှင့် ရပ်ကွက်/ ကျေးရွာအုပ်စု(၃၄)အုပ်စုတွင် မဲရုံပေါင်း (၅၅)ရုံဖွင့်လှစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရ သည်။
တင့်ဆွေ(ပြန်/ဆက်)