မိုးညို အောက်တိုဘာ ၁၉
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ မိုးညိုမြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများ က ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညို မြို့နယ်၊ ဆင်ခေါင်းကျေးရွာအုပ်စု၊ ကိုးတောင်မကျေးရွာ၌ အောက်တိုဘာ ၁၈ ရက်နေ့တွင် လေပြင်း တိုက်ခတ်မှုကြောင့် ပြိုလဲပျက်စီးခဲ့သော နေအိမ်တစ်လုံးအတွက် ထောက်ပံ့ငွေနှင့် ပစ္စည်းများကို ယနေ့ နေ့လယ် ၁၂ နာရီအချိန်က ပြည်သူလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် ဆင်ခေါင်းကျေးရွာ အုပ်စု၊ ကိုးတောင်မကျေးရွာတွင် လေပြင်းတိုက်ခတ် မှုကြောင့် ပြိုလဲပျက်စီးခဲ့သော နေအိမ်တစ်လုံး အတွက် အိမ်ဆောက်ပစ္စည်းဘိုးထောက်ပံ့ငွေ ၁၀၀၀၀၀ ကျပ်၊ အိမ်ထောင်စု တစ်စုရှိ လူဦးရေတစ်ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဘိုးထောက်ပံ့ငွေ ၂၁၀၀ ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ ၁၀၂၁၀၀ ကျပ်နှင့် ထောက်ပံ့ရေးပစ္စည်း(၁၆)မျိုး (ပလတ်စတစ်ပုံးအပါ) တစ်အိမ်ထောင်စာ၊ တန်ဘိုးငွေ ၃၄၇၅၃ ကျပ်အား မြို့နယ် မီးသတ်ဦးစီးဌာန၊ လူငယ်ရေးရာအဖွဲ့တို့မှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူလက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ကိုမင်း(မိုးညို)