ပိုင်ကျုံ၊ အောက်တိုဘာ ၁၉
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ အမှတ်(၁)ရပ်ကွက်မှ မိုးနိုင်းကျေးရွာသို့ အဆင်ပြေချောမွေ့စွာ ဆက်သွယ် သွားလာနိုင်ရန်အတွက် အောက်တိုဘာလ (၁၂) ရက်နေ့ကစတင်၍ မိုးနိုင်းကျေးရွာ ဝါးကြမ်းခင်းတံတား ဆောက်လုပ်လျက်ရှိကြောင်း သိရသည်။
မိုးနိုင်ကျေးရွာမှ ပိုင်ကျုံမြို့သို့ မိုးရာသီရေများသောကာလတွင် ကူးတို့ဖြင့်သွားလာလျက်ရှိရာ ယခုပွင့်လင်းရာသီ ရေနည်းလာသောကြောင့် ပြည်သူများ အသုံးပြုသွားလာနိုင်ရန်အတွက် မိုးနိုင်းကျေးရွာသူ/သားများစုပေါင်း၍ ကိုယ်ထူကိုယ်ထစနစ်ဖြင့် နှစ်စဉ် အောက်တိုဘာလအတွင်း ဆောက်လုပ်လေ့ရှိသောတံတားကို ပြန်လည်ဆောက် လုပ်ခြင်းဖြစ်ကြောင်း၊ တံတားဆောက်လုပ်ပြီးစီးပါက မိုးနိုင်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ (၁၁) ရွာနှင့် ပိုင်ကျုံမြို့အမှတ် (၁) ရပ်ကွက်၊ လော်ကော်၊ မိကြောင်နှင့်သမိုကျေးရွာများရှိ ပြည်သူများ ကျန်းမာရေး၊ လူမှုရေး ဆိုင်ရာကိစ္စများတွင်အသုံးပြုသွားလာနိုင်မည်ဖြစ်ကြောင်း၊ တံတားအရှည်မှာ ပေ (၄၄၀) ရှိကြောင်း မိုးနိုင်းကျေးရွာ တာ၀န်ခံ ဦးခင်မောင်မြင့်ထံမှ သိရသည်။
ထို့အတူ မိုးနိုင်း-အမှတ် (၁) ရပ်ကွက် ချောင်းကူးဝါးကြမ်းခင်း တံတားကို ယခင် ကိုဗစ် - ၁၉ ရောဂါ မဖြစ်ပွားမီ ကာလများက ဆံတော်ရှင်မိုးနိုင်းဘုရားနှင့်ဖားနိုင်းဘုရားသို့ ဘုရားဖူးဧည့်သည်များ အသုံးပြုသွားလာမှု များပြား ခဲ့ကြောင်း သိရသည်။
ပိုင်ကျုံ(ပြန်/ဆက်)