ထန်းတပင်(ရန်ကုန်) အောက်တိုဘာ ၂၀
ရန်ကုန်-ပုသိမ်ကားလမ်းမကြီးမှတဆင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းသို့ ဝင်ရောက်လာကြ မည့် ကုန်တင်ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များနှင့် ဧရာဝတီတိုင်းဒေသကြီးသို့ ထွက်ခွာမည့် ကုန် တင် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တို့တွင် ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ Rapid Test Kit ဖြင့် စစ်ဆေး ဆောင်ရွက်ခြင်းများကို ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၊ ရန်ကုန်-ပုသိမ် ကားလမ်းမ မိုင်တိုင်အမှတ်(၈/၅)နှင့် မိုင်တိုင်အမှတ်(၁၄/၂) ကိုဗစ်စစ်ဆေးဂိတ် နှစ်ခုတို့တွင် နေ့စဉ်စစ်ဆေးမှုများကို မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုဗစ်စစ်ဆေးဂိတ် မိုင်တိုင်အမှတ်(၈/၅) တွင် ရန်ကုန်တိုင်းဒေသကြီးသို့ဝင်ရောက်လာကြမည့် ကုန်တင်ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များနှင့်မိုင်တိုင်အမှတ်(၁၄/၂)စစ်ဆေးဂိတ်တွင် ရန်ကုန် တိုင်းဒေသကြီးအတွင်းမှ ဧရာဝတီတိုင်းဒေသကြီးသို့ ထွက်ခွာကြမည့် ကုန်တင် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တို့ကို ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ စစ်ဆေးဆောင်ရွက်နေခြင်း ဖြစ်ပြီး မိုင်တိုင်အမှတ်(၈/၅) စစ်ဆေး ဂိတ်ကို အောက်တိုဘာလ (၁၁)ရက်နေ့တွင် လည်းကောင်း၊ မိုင်တိုင်အမှတ်(၁၄/၂)ကို အောက်တိုဘာလ (၁၇)ရက်နေ့တွင်လည်းကောင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုများမရှိစေရန်နှင့် ရောဂါကြိုတင်ကာကွယ် ရေးလုပ်ငန်းများကို ဆောင်ရွက်သွားနိုင်ရန်အတွက် ဖွင့်လှစ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ကုန်တင်ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များတွင် ရောဂါပိုးရှိ/မရှိ Rapid Test Kit ဖြင့် စစ်ဆေးဆောင်ရွက်ခြင်းများကို မြို့နယ်ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်လင်း ဦးဆောင်၍ ကော်မတီ အဖွဲ့ဝင် များနှင့် ပုဂ္ဂလိက ဆရာဝန်များအသင်း (SML)အဖွဲ့မှ တာဝန်ရှိသူများဖြင့် ပူးပေါင်းကာ စစ်ဆေးမှုများကို ဆောင်ရွက်လျက်ရှိပြီး အောက်တိုဘာလ (၁၉)ရက်နေ့အထိ ကုန်တင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်(၁၄၄၁)ဦး တို့ကိုစစ်ဆေးဆောင်ရွက်ခဲ့ရာ (၃၃)ဦး တို့တွင် ကိုဗစ်-၁၉ရောဂါပိုးကိုတွေ့ရှိခဲ့ကြောင်းသိရပြီး ရောဂါပိုး တွေ့ရှိသူများကိုလည်း သက်ဆိုင်ရာ ကုသရေး စင်တာများသို့ပို့ဆောင်ပေးလျက်ရှိသလို ကိုဗစ်-၁၉ရောဂါ ပိုးမတွေ့ရှိသည့် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကိုသတ်မှတ်ပုံစံများအတိုင်း ကိုဗစ်-၁၉ ဓာတ်ခွဲ နမူနာ ကျန်းမာရေးထောက်ခံချက်များကိုထုတ်ပေးကာ ကုန်တင်ယာဉ်များကို ကုန်စည် စီးဆင်း မှုများ ပြတ်တောက်မှုမရှိစေရေးအတွက် ဖြတ်သန်းသွားလာခွင့်ပြုပေးလျက် ရှိကြောင်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)