မယ်စဲ့မြို့နယ်တွင် (ပြည်ထောင်စု/ပြည်နယ်) ရန်ပုံငွေများဖြင့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေ မှုအား ကြည့်ရှုစစ်ဆေး

မယ်စဲ့  အောက်တိုဘာ   ၂၀  

       
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် (ပြည်ထောင်စု/ပြည်နယ်) ရန်ပုံငွေများဖြင့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေအား ယနေ့ နေ့လယ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအယ်လ်ဖောင်းရှို၊ မြို့နယ်တည်ဆောက်ရေးနှင့် အရည်အသွေး စစ်ဆေးရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်းနှင့် ကော်မတီဝင်များက ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအယ်လ်ဖောင်းရှိုနှင့် အဖွဲ့သည် ဟားခါးအိန်ဂျယ် ကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်နေသည့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံး RCC နှစ်ထပ် (၅၀x၃၀x၂၈) ပေ တည်ဆောက်ခြင်းလုပ်ငန်းကို ပြည်ထောင်စုရန်ပုံငွေကျပ် ၈၅ ဒဿမ ၉၁ သန်းဖြင့် လည်းကောင်း၊ မိုးထက်လမင်းကုမ္ပဏီမှ တာဝန်ယူဆောင်ရွက် နေသည့် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန (၄)ခန်းတွဲ(၃) ထပ် ဝန်ထမ်းအိမ်ရာ (၁၀၂x၂၉.၅) ပေ တည်ဆောက်ခြင်းလုပ်ငန်းကို ပြည်နယ်ရန်ပုံငွေ ကျပ် ၂၅၅ ဒဿမ ၇၂၀ သန်းဖြင့်လည်းကောင်း၊ အေးသုတကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်နေသည့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန (၆)ခန်းတွဲ ၂ ထပ် ဝန်ထမ်းအိမ်ရာ (၁၅၀x၃၆x၂၂) ပေ တည်ဆောက်ခြင်းလုပ်ငန်းကို ပြည်နယ် ရန်ပုံငွေကျပ် ၃၃၄ ဒဿမ ၁၅၅ သန်းဖြင့် လည်းကောင်း ဆောင်ရွက်ပြီးစီးမှု အခြေအနေတို့ကို ကြည့်ရှု စစ်ဆေးပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအယ်လ်ဖောင်းရှိုက လုပ်ငန်းများ အရည်အသွေး ကောင်းမွန်စွာ ဆောင်ရွက်ကြရန်နှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် အမြန်ဆုံးဆောင်ရွက်ကြ ရန် မှာကြားခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)