ဘောလခဲ အောက်တိုဘာ ၂၀
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမ ှရွေးကောက်ပွဲ ဆိုင်ရာစုဝေး ဟောပြော ခြင်းနှင့် မဲဆွယ်စည်းရုံးရေးဆိုင်ရာများ၊ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ(UDP)ဖျက်သိမ်းခြင်း၊ ပါတီကိုယ် စားပြု ကိုယ်စားလှယ်လောင်းများနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များဆွေးနွေးခြင်းကို ယနေ့နံနက်(၁၀)နာရီ အချိန် က ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ကျင်းပသည်။
ရှေးဦးစွာခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဌကိုယ်စားကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်ဦးရဲလွင်မှ အမှာစကား ပြောကြားရာတွင် ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP)ကိုနိုင်ငံရေး ပါတီများမှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေပါ ပြဌာန်းချက်များ နှင့်ညှိစွန်းခြင်းကြောင့်နိုင်ငံရေး ပါတီအဖြစ်မှတ်ပုံတင်ခြင်း ကိုပယ်ဖျက်၍ ပါတီကို လည်းဖျက်သိမ်းကြောင်းကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ကြေငြာချက်အမိန့်ထုတ်ပြန် ခဲ့ပါကြောင်း၊ သို့ဖြစ်၍ ယင်းပါတီကိုယ်စားပြုဝင်ရောက် ယှဉ်ပြိုင်ကြမည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများကို သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပါပြဌာန်းချက်များနှင့် ညှိစွန်းသဖြင့် လွှတ်တော်ကိုယ်စားလှယ် လောင်းအဖြစ် ရွေးကောက်တင်မြှောက် ခံပိုင်ခွင့်ဆုံးရှုံးသွားသောကြောင့် လွှတ်တော်ကိုယ်စား လှယ်လောင်း များ၏ အမည်စာရင်းမှပယ်ဖျက်ရမည် ဖြစ်ကြောင်းတို့ကိုပြောကြားခဲ့သည်။
ထို့နောက်ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး၊ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အရာရှိ ဦးကျော်လင်းက အထက်ပါကိစ္စများနှင့်စပ်လျဥ်း၍ ဆွေးနွေးပြောကြားပြီးပါတီများ ရွေးကောက်ပွဲဆိုင်ရာစု ဝေးဟောပြောခြင်း၊ မဲဆွယ်စည်းရုံး ရေးဆိုင်ရာကိစ္စရပ်များတို့ကို အသေးစိတ်ရှင်းလင်း ပြောကြားခဲ့ကာတက် ရောက်လာကြသော ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင်များ၊ ပါတီအသီးသီးတို့မှ ကိုယ်စားလှယ်များ တို့ကသိရှိလိုသည်များကိုဆွေးနွေးမေးမြန်းခဲ့ကြောင်းသိရှိရသည်။
ခရိုင်(ပြန်/ဆက်) ဘောလခဲ