ဒေါပုံ အောက်တိုဘာ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ် အထက(၁)ကျောင်းရှိ Community Based Facility Quarantine Centre ရှိ Quarantine ဝင်ရောက်နေသူစောင့်ကြည့် လူနာများ အား ကိုဗစ်-၁၉ ရောဂါပိုး ရှိ / မရှိ Rapid Diagnosis Test Kit များဖြင့် စစ်ဆေးခြင်းကို ယမန်နေ့နံနက် (၉) နာရီအချိန်က ကျန်းမာရေးဝန်ထမ်းများမှ လာရောက် ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်ရာတွင်Quarantine Centre များ ရှိ အသွားအလာကန့်သတ်ထားသူ (၇၃)ဦး နှင့်အနံ့မရသူ(၂၈)ဦးတို့အား Rapid Diagnosis Test Kit များဖြင့် ကိုဗစ်-၁၉ရောဂါပိုး စစ်ဆေးပေးခဲ့ရာ ကိုဗစ်-၁၉ရောဂါပိုး(၃)ဦး တွေ့ရှိခဲ့ပြီး ကျန်(၇၀)ဦး Negative အဖြေထွက် ရှိသောကြောင့် နေအိမ်များသို့ လိုက်လံပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူ(၃)ဦးအား ရောဂါဆက်လက်ကုသနိုင်ရေးအတွက် မြို့နယ် ပြည်သူ့ကျန်းမာရေးမှူးနှင့်ဝန်ထမ်းများ၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်စေတနာ့ဝန်ထမ်းများ၊ သစ္စာမဏ္ဍိုင် လူမှုကယ်ဆယ်ရေးအသင်းတို့ကပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ထို့အတူအနံ့ပျောက်သူ (၂၈) ဦးများ၏ စစ်ဆေးချက်များကိုလည်း အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှု ဆိုင်ရာဌာန ရန်ကုန်သို့ဆက်လက်ပို့ဆောင်ထားကြောင်းကို မြို့နယ်ပြည်သူ့ ကျန်းမာရေးမှူး ဒေါက်တာခင်စန်းလွင်ထံမှသိရသည်။
သဲစုစုလွင်(ပြန်/ဆက်)