အင်းစိန်မြို့နယ်အတွင်းရှိ ဖွင့်လှစ်ထားသည့် စက်ရုံများတွင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ထားမှု ရှိ/မရှိ လိုက်လံစစ်ဆေး

ရန်ကုန်          အောက်တိုဘာ          ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန်နှင့် ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ အင်းစိန်မြို့နယ်အတွင်းရှိ ဖွင့်လှစ်ထားသည့် စက်ရုံများတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့် အညီ ဆောင်ရွက် ထားမှု ရှိ/မရှိ လိုက်လံစစ်ဆေးခြင်းကို ယနေ့ နံနက်(၉)နာရီ အချိန်က စက်မှုဇုန် (၃၊၄)တွင် လိုက်လံ စစ်ဆေးခဲ့ကြောင်း သိရသည်။

လိုက်လံစစ်ဆေးရာတွင် စက်မှုဇုန်(၃၊၄)ရှိ စက်ရုံများအနက် ဖွင့်လှစ်ထားသည့် စက်ရုံများကို  အင်းစိန်မြို့နယ်၊ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနော်သန္တာဆွေ၏ လမ်းညွှန်မှုဖြင့် ဒုတိယမြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ မိုးမိုးမြင့်၊ရပ်ကွက်အုပ်ချုပ်ရေး မှူးများနှင့် စက်မှုဇုန် တာဝန် ရှိသူများက အင်းစိန်မြို့နယ်အတွင်းရှိ ဖွင့်လှစ်ထားသည့် စက်ရုံများ တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန် အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထား သည့် လမ်းညွှန်ချက်များနှင့်အညီ လိုက်နာမှု ရှိ/မရှိကို လိုက်လံစစ်ဆေးခဲ့ပြီး လိုက်နာဆောင်ရွက် ရန်အတွက်  လိုအပ်သည်များကို အကြံပြု ဆွေးနွေးပြောကြားခဲ့သည်။

အင်းစိန်မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

ဇွဲထက်ကို(ပြန်/ဆက်)