အ.ထ.က (မိုးနဲ) စာစစ်ဌာနသို့ လင်းခေးခရိုင် ပညာရေးကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ လာရောက်ကြည့်ရှု အားပေး
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်အတွင်းရှိ ကျောင်းသား/ ကျောင်းသူများ ၂၀၂၀ ပြည့်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေးအတွက် လင်းခေးခရိုင်ပညာရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးနိုးဝေ၊ လင်းခေးခရိုင် ပညာရေးမှူး ဦးကျော်မြင့်ဦး၊ မိုးနဲမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးထွဋ်နှင့် မြို့နယ်ပညာရေး ကြီးကြပ်မှုကော်မတီဝင်တို့က ယနေ့နံနက် ၁၀ နာရီအချိန်တွင် တက္ကသိုလ် ဝင်တန်း တတိယနေ့ သင်္ချာဘာသာရပ်ဖြေဆိုနေမှုကို လာရောက်ကြည့်ရှု အားပေးခဲ့သည်။