မန့်ဟီးရိုးမြို့တွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့တွင် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ပြည်သူလူထုများ ကျယ်ကျယ် ပြန့်ပြန့် သိရှိနိုင်ရန်အတွက် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့၊ နံနက်ပိုင်း အချိန်က မန့်ဟီးရိုးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမြို့ရုံးမှ ဝန်ထမ်းများက ဒေသခံပြည်သူများ လက်ဝယ် အရောက်ဖြန့်ဝေပေးသည်။

ကျောက်မဲမြို့ရှိ Quarantine Center များတွင် အသွားအလာကန့်သတ်ထားရှိသည့် မဲရုံတာဝန်ကျ ပညာရေးဝန်ထမ်းများအား မြို့နယ်ကော်မရှင်အဖွဲ့ခွဲမှ ထမင်းတစ်ရက်စာ ကျွေးမွေးလှူဒါန်း

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်အတွင်းရှိ မဲရုံများ၌ တာဝန်‌ထမ်းဆောင်မည့် ပညာရေးဝန်ထမ်းများထဲမှ Quarantine Center တွင် အသွားအလာကန့်သတ်ထားရှိသည့် ပညာရေးဝန်ထမ်း ၃၀၆ ဦးအား မြို့နယ်ကော်မရှင်အဖွဲ့ခွဲမှ အဖွဲ့ဝင်များက ယနေ့ တစ်ရက်တာအတွက် ထမင်း ၂ နှပ် စာ လှူဒါန်းခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ကာလ၌ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာလအတွင်း ဆွမ်းအခက်အခဲမရှိစေရန် ဘုန်းတော်ကြီးကျောင်း များအတွက် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း ကို We Love South Okkalapa အဖွဲ့က ယမန်နေ့ မွန်းလွဲပိုင်း အချိန်မှစ၍ မြို့နယ်အတွင်းရှိ ဘုန်းကြီး ကျောင်းများသို့ လှည့်လည်ဆက်ကပ်လှူဒါန်းခဲ့သည်။

မြန်အောင်၌ မိုးစပါး(CERP)အစီအစဉ်ဖြင့် မျိုးစေ့ထုတ်စိုက်ခင်း စံကွက်ရိတ်သိမ်းပွဲ အခမ်းအနားကျင်းပ

မြန်အောင်မြို့နယ် ထန်းသုံးပင်ကျေးရွာအုပ်စု စနစ်ကျစံပြလယ်ယာမြေ ဧက(၁၀၀)ရှိ ကွင်းအမှတ် ၂၄၉ ရင်းတောကွင်း တောင်သူ ဦးအောင်မင်း၏ (၁.၀)ဧကကွက်တွင် ယနေ့နံနက်က ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု အစီအစဉ် (CERP) ၏ ထောက်ပံ့မှုဖြင့် ဆောင်ရွက်သော ၂၀၂၀ - ၂၀၂၁ မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း စံကွက် ရိတ်သိမ်းပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

နဝမအကြိမ်မြောက် အခြေခံစားသောက်ကုန်နှင့် ဟင်းသီးဟင်းရွက်များထောက်ပံ့

ထိုသို့ ထောက်ပံ့ပေးရာတွင် အိမ်ထောင်စု တစ်စုလျှင် ဆန် ၄ ပြည်၊ ဆီက ၅၀ သား၊ အာလူး ၅၀ သား၊ ကြက်သွန် ၅၀ သား၊ ကြက်ဥ ၅ လုံး၊ ဘိုစားပဲသီး၊ ကန်စွန်းရွက်၊ ချည်ပေါင်ရွက်၊ ဂေါ်ဖီထုပ်၊ မျှစ်၊ ပဲပြား၊ ခရမ်းသီးများကို အိမ်ထောင်စု ၃၀၀ စာ ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

တန့်ယန်းမြို့နယ်တွင် အိတ်ချ်ပီဗီကာကွယ်ဆေးအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်း စတင်ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် အသက်(၉)နှစ်မှ(၁၀)နှစ်ကြားရှိ အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး(HPV)အား ပုံမှန်ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်း စတင်ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီက အမှတ်(၉) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ စတင်ဆောင်ရွက်ခဲ့ကြသည်။

အင်းစိန်မြို့နယ်၌ ဘိုကုန်ဈေး မြေညီထပ်ဆောက်လုပ်နေမှု အချိန်မီ ပြီးစီးနိုင်ရေးအတွက် တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ ဈေးဝယ်လာရာတွင် အဆင်ပြေ ချောမွေ့စေရန်နှင့် ဈေးရောင်းချသူများ ရောင်းချရာတွင် အဆင်ပြေစေရန် ရည်ရွယ်၍ ဘိုကုန်ဈေး မြေညီထပ်ဆောက်လုပ်နေမှု အချိန်မီ ပြီးစီးနိုင်ရေးအတွက် တာတန်ရှိသူများသည် ယမန်နေ့ နံနက်(၉)နာရီအချိန်က ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ကလေးဝမြို့တွင် အသက် ၉ နှစ် မှ ၁၀ နှစ်အတွင်းရှိ မိန်းကလေးငယ်များအား ပထမအကြိမ် (HPV) ကာကွယ်ဆေး ထိုးနှံပေး

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် အသက် ၉ နှစ် မှ ၁၀ နှစ် အတွင်းရှိ မိန်းကလေး ငယ်များအား (HPV) သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ထိုးနှံခြင်း လုပ်ငန်းကို ယနေ့ နံနက် ၈ နာရီခွဲက မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းတွင် ပြုလုပ်ခဲ့သည်။

အင်းစိန်မြို့နယ်၌ ရေစီးရေလာ ကောင်းမွန်အောင် ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ သွားရေးလာရေး အဆင်ပြေစေရန်၊ မိုးရာသီတွင် ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရန်နှင့် ခြင်များ ပေါက်ဖွားမှု မရှိစေရန် ရည်ရွယ်၍ ရေစီးရေလာ ကောင်းမွန်ရေးကို ယမန်နေ့ နံနက်(၁၀)နာရီ အချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to