ဝေါလေမြိုင်မြို့၌ ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ (COVID-19)အကြောင်း အသိပညာပေး ဟောပြောပွဲဆောင်ရွက်
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ (COVID-19) အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက ဝေါလေမြိုင်မြို့၊ အမှတ်(၂)ရပ်ကွက်၊ အ.မ.က(ဝေါလေ) စာသင်ကျောင်း၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။