သန်လျင်မြို့ Quarantine Centre များရှိ အသွားအလာကန့်သတ်ထားရှိသူများအတွက် နေ့စဉ်စားသောက်ရေး အလှူရှင်များ လိုအပ်နေ

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်အတွင်း Quarantine Centre များရှိ အသွားအလာ ကန့်သတ်ထားရှိသူများအတွက် နေ့စဉ်စားသောက်ကျွေးမွေးနိုင်ရေး အလှူရှင်များ လိုအပ် လျက်ရှိကြောင်း ယနေ့ နံနက် ၁၀ နာရီက သန်လျင်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်း ချုပ်မှု အထောက်အကူပြု ကော်မတီထံမှ သိရသည်။

မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ စစ်ဆေးပြီးနောက် ရောဂါပိုးမတွေ့ရှိသူ (၁၈) ဦးအား Home Quarantine တစ်ပတ် ဆက်လက်နေထိုင်ရေး လမ်းညွှန်ပြီး နေအိမ်များသို့ ပြန်လည်ပို့ဆောင်ပေး

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် အ.ထ.က (၄) ကျောင်းရှိ Community Based Facility Quarantine Centre တွင် ကန့်သတ် စောင့်ကြည့်ထားသူများထဲမှ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးရာတွင် ပိုးမတွေ့ရှိသူ (၁၈) ဦးအား မိမိတို့ နေအိမ်များ တွင် Home Quarantine အဖြစ် တစ်ပတ်ဆက်လက်နေထိုင်ရေးတို့ကို မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မြို့နယ်တာဝန်ရှိသူ များက ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အလှူ‌ငွေနှင့် ကာကွယ်‌ရေးသုံး ပစ္စည်းများ လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် အထောက်အကူ ဖြစ်စေရန် စေတနာရှင်ပြည်သူများက အလှူငွေနှင့် ရောဂါကာကွယ်ရေး သုံးပစ္စည်းများ လာရောက် လှူဒါန်းလျက်ရှိကြောင်း သိရသည်။

ဘုတလင်မြို့နယ်တွင် သုံးမွှာပူး ကလေးမိခင်အား ထောက်ပံ့ငွေကျပ် လေးသိန်းနှင့် နို့မှုန့်များ ထောက်ပံ့ပေးအပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၊ နေပူကုန်းကျေးရွာအုပ်စု၊ ရွာရှည်ကျေးရွာမှ သုံးမွှာပူး ကလေး မိခင်အား မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း(ဗဟို)၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ဘုတလင် မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့က ထောက်ပံ့သည့် ငွေကျပ်လေးသိန်းနှင့် နို့မှုန့်များကို အောက်တိုဘာလ ၂၀ ရက်၊ နံနက် ၁၀ နာရီအချိန်က သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မြိုင်မြို့တွင် ၂၀၂၀ -၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့တွင် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန် ပေးအပ်ပွဲ ကို ယနေ့ နံနက် ၉ နာရီအချိန်က မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။

ပန်ဆိုင်း (ကြူကုတ်) မြို့၌ အိတ်ချ်ပီဗီ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံခြင်း ကွင်းဆင်းဆောင်ရွက်

မူဆယ်ခရိုင် ၊ ပန်ဆိုင်း(ကြူကုတ်)မြို့၊ ရပ်ကွက်၊ ကျေးရွာများမှ အသက်(၉)နှစ်နှင့် (၁၀)နှစ်အရွယ် အမျိုးသမီး ငယ်များအား (အိတ်ချပ်ပီဗီ) သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့၊ နံနက် (၁၀)နာရီအချိန်က ပန်ဆိုင်း(ကြူကုတ်)မြို့၊ ရပ်ကွက်(၁) ရှမ်းလူငယ်ခန်းမ၌ ထိုးနှံပေးသည်။

မိုးမောက်မြို့နယ်၌ ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် ဆန္ဒမဲ လက်မှတ်များ ပြည့်စုံမှန်ကန်မှုရှိစေရေး စစ်ဆေးဆောင်ရွက်

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ တွင် အသုံးပြုမည့် ဆန္ဒမဲလက်မှတ်များ ပြည့်စုံမှန်ကန်မှုရှိစေရေးအတွက် စစ်ဆေး ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီမှ ညနေ ၃ နာရီအထိ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ရုံးခန်းမ၌ ဖွင့်ဖောက်စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရေစကြိုမြို့နယ်တွင် မဲရုံမှူး၊ ဒုတိယမဲရုံမှူးများအား ရွေးကောက်ပွဲဆိုင်ရာသင်တန်းပို့ချ

ရေစကြိုမြို့၌ လာမည့်နိုဝင်ဘာ ၈ရက်တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံမှူး၊ ဒုတိယ မဲရုံမှူးများအား ရွေးကောက်ပွဲဆိုင်ရာ သင်တန်းကို ယနေ့ နံနက်ပိုင်းမှ စ၍ ရေစကြို အ.ထ.က(၁) ကျောင်းဆောင်များ၌ ဖွင့်လှစ်သင်ကြား ပေးလျက်ရှိသည်။

ဟိုမိန်းမြို့၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ငွေများပေးအပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ဟိုမိန်းမြို့၌ နိုင်ငံတော်အစိုးရမှ ကိုဗစ်-၁၉ ကာလအတွင်း ပြည်သူလူထု၏ လူမှု စီးပွားဘဝများအပေါ် သက်ရောက်မှုများ လျော့ပါးသက်သာစေရန် ရည်ရွယ်ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးငယ်များ အား ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းက ဟိုမိန်းမြို့ပေါ်(၃)ရပ်ကွက်နှင့် ကျေးရွာများသို့ တာဝန်ရှိသူ များက အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
Subscribe to