ကာလိ အောက်တိုဘာ ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့ အမှတ်(၁)ရပ်ကွက်ရှိ နမ့်ခုံးရှမ်းများ ပရဟိတခန်းမ၌ သားအိမ်ခေါင်းကင်ဆာ Human Papilloma Virus (HPV) ပုံမှန်ကာကွယ်ဆေး ထည့်သွင်းထိုးနှံခြင်းကို ယနေ့နံနက် (၈)နာရီခွဲအချိန်ခန့် က စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကာလိမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးရဲမင်းထွန်း၊ ကွန်ဟိန်းမြို့နယ် အခြေခံကျန်းမာရေး ဦးစီးအရာရှိ ဒေါက်တာရဲခေါင်ထက်နှင့် ကွန်ဟိန်း၊ ကာလိ ကျန်းမာရေးဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများတို့က ပူးပေါင်းကာ ကာလိမြို့ အမှတ်(၁)၊ (၂)၊ (၅)၊ (၆)ရပ်ကွက်တွင် အသက်(၉)နှစ်မှ (၁၀)နှစ်အတွင်းရှိ အမျိုးသမီးငယ်များ (၄၀)ဦးရှိပြီး ယနေ့နံနက်ပိုင်းက (HPV) ကာကွယ်ဆေးများ ထည့်သွင်းထိုးနှံပေးခဲ့ကြသည်။
ဆက်လက်၍ ရပ်ကွက်(၃)နှင့်(၄)ရှိ အသက်(၉)နှစ်မှ (၁၀)နှစ်အတွင်းရှိ အမျိုးသမီးငယ်များ (၃၅)ဦးတို့အား အောက်တိုဘာလ (၂၂) ရက်နေ့တွင် HPV ကာကွယ်ဆေးများ ထည့်သွင်းထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းကျော်(ကာလိ၊ပြန်/ဆက်)