တန့်ယန်း အောက်တိုဘာ ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် ကိုဗစ် - ၁၉ ကာကွယ်တားဆီးနိုင်ရေးအတွက် မြို့နယ်မှ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာရှင်ပြည်သူများတို့က အရှိန်အဟုန်မြှင့်၍ ဆောင်ရွက် လျက် ရှိရာ အသွားအလာကန့်သတ်ထားသော စောင့်ကြည့်ရေးစခန်း (Facility Quarantine Centre) တွင် ယမန်နေ့ညနေပိုင်း က နှာခေါင်းနှင့်အာခေါင်တို့မှ ဓါတ်ခွဲနမူနာ ရယူခဲ့သည်။
ကိုဗစ် - ၁၉ ရောဂါ ကာကွယ်တားဆီးထိန်းချုပ်ရေးအတွက် ယာယီစောင့်ကြည့်ရန် အသွားအလာ ကန့်သတ် ထား သော စောင့်ကြည့်ရေးစခန်း (Facility Quarantine Centre) ၌ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝေမိုးဦး၊ မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအောင်ဇော်ဦးနှင့် တာဝန်ရှိသူတို့က ကြီးကြပ်ကာ ကန့်သတ် စောင့်ကြည့်ထားသူ စုစုပေါင်း(၂၆)ဦး၏ နှာခေါင်းနှင့် အာခေါင်တို့မှ ဓါတ်ခွဲနမူနာ တို့ဖတ်များအား မြို့နယ် ကျန်းမာရေးဌာနဝန်ထမ်းများ က ရယူကာ အမျိုးသားကျန်းမာရေးဓါတ်ခွဲဌာနသို့ ပို့ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)