ညောင်တုန်းမြို့၌ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ မဲရုံမှူးသရုပ်ပြ သင်တန်းဖွင့်

ညောင်တုန်း အောက်တိုဘာ ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ မဲရုံမှူးသရုပ်ပြသင်တန်းကို ယမန်နေ့ နံနက် ၉ နာရီက အ-မ-က (၁)(အရှေ့ပိုင်း) ကျောင်း၌ ဖွင့်လှစ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ့ ဥက္ကဋ္ဌ ဦးဖီးလစ်သောင်းရွှေက အမှာစကား ပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးကျော်စိုးလှိုင်က မဲရုံမှူးများ လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များအ‌ကြောင်းနှင့်  ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မဲပေးပုံအဆင့်ဆင့်ကို ပရိုဂျက်တာဖြင့် ရှင်းလင်းပြသခဲ့သည်။

ထို့နောက် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ လှိုင်ပညာခန်းမတွင် မဲရုံအဖွဲ့ဝင်များနှင့် မဲပေးပုံ၊ မဲရေတွက်ပုံ အဆင့်ဆင့် ကို လက်တွေ့သရုပ်ပြ ပြုလုပ်ခဲ့သည်။

အဆိုပါ မဲရုံမှူးသရုပ်ပြ သင်တန်းကို ညောင်တုန်းမြို့နယ်အတွင်းရှိ အုပ်စု (၁၁) အုပ်စုမှ မဲရုံမှူး ၃၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ဝဠာနိုင် (ညောင်တုန်း)