ကျိုင်းတောင်း အောက်တိုဘာ ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့တွင် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး ထိုးနှံရန်အတွက် ကျေးလက်ကျန်းမာရေးဌာန ကျန်းမာရေးမှူး ဦးသက်မျိုးဦး ဦးဆောင်၍ ယမန်နေ့ ည (၇)နာရီအချိန်ခန့် က ကျိုင်းတောင်းမြို့ရှိ ရပ်ကွက်များအတွင်းသို့ လိုက်လံနှိုးဆော် ကြေညာခဲ့ကြောင်း သိရသည်။
ထိုသို့ လိုက်လံကြေညာရာတွင် ရပ်ကွက်အတွင်းရှိ အသက် (၉)နှစ်မှ (၁၀)နှစ်ထိ အမျိုးသမီးငယ်များကို သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး လာရောက်ထိုးနှံကြပါရန်၊ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးရမည့် နေရာကို နီးရာကျန်းမာရေး ဌာနများနှင့် အုပ်ချုပ်ရေးမှူးရုံးများတွင် စုံစမ်းရန် စသည့်အချက်များပါဝင်ကြောင်း သိရသည်။
အဆိုပါ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးကို ယနေ့နံနက်ပိုင်းတွင် ကျိုင်းတောင်းမြို့ အမှတ်(၃) ရပ်ကွက်၌ စတင်ထိုးနှံပေးသွားမည်ဖြစ်ပြီး ကျိုင်းတောင်းမြို့အတွင်း သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ် ဆေး ကို ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် စနစ်တကျ ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။
ကျိုင်းတောင်း(ပြန်/ဆက်)