ကာလိမြို့နေပြည်သူများ ကိုယ်ထူကိုယ်ထကျောက်ချောလမ်းခင်းခြင်း ဆောင်ရွက်

ကာလိ အောက်တိုဘာ ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့ အမှတ်(၁) ရပ်ကွက်အတွင်းရှိ နားခေါက် သွားလမ်း၌ ယမန်နေ့ က ရပ်ကွက်(၁) အုပ်ချုပ်ရေးမှူး ဦးစိုင်းခမ်းလူ က ဒေသခံပြည်သူများကို ဦးဆောင်ပြီး  ကိုယ်ထူကိုယ်ထကျောက်ချောလမ်းခင်းခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါလမ်းတွင် မိုးရာသီကာလအတွင်း၌ ပြည်သူများသွားလာရန်ခက်ခဲနေသော နေရာများ၌ ကျောက်ချောလမ်းခင်းခြင်း၊ ရေမြောင်းမရှိသည့်နေရာများ၌ ရေမြောင်းတူးဖော်ပြီး ကွန်ကရစ် ပိုက်များဖြင့် ပြုလုပ်ထားခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။ ထိုသို့လာရောက်ပူးပေါင်း ကူညီလုပ်ဆောင်ပေးခဲ့ကြသော ဒေသခံပြည်သူ (၁၅)ဦးတို့အား ရပ်ကွက်(၁)နေ ပြည်သူများ၏ ကိုယ်စား အုပ်ချုပ်ရေးမှူး ဦးစိုင်းခမ်းလူမှ တစ်ဦးလျှင် ဆန်(၂)ပြည်၊ ဆားလက်ဆွဲအိတ် (၁)အိတ် နှုန်းဖြင့် ပြန်လည်ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ဝင်းကျော်(ကာလိ၊ပြန်/ဆက်)